မီဒီယာကို တိုက်ထည့်လိုက်တာ
နအဖစစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ကြွေးကြော်ပြီး သတင်းစာနောက်ဖုံးမှာ ဆောင်ပုဒ်တွေ ထည့်ပါတယ်။
အားလုံးသိကြပါတယ်။ လေလှိုင်းပေါ်က လူသတ်သမားတို့၊ ပုဆိန်ရိုးတို့၊ မီဒီယာကို မီဒီယာနဲ့ တိုက်ထည့်လိုက်တာ၊ ပရိသတ်က နိုင်ငံပိုင်သတင်းစာ ဖတ်ဖို့ နေနေသာသာ ကိုင်ကြည့်ဖို့တောင် စိတ်ကုန်သွားကြတာပဲ အဖတ်တင်ကျန်ပါတယ်။ သိပ်မကြာခင်မှာပဲ ပုဆိန်ရိုး လူသတ်သမားတွေလည်း အထဲရောက်သွားပြီး တူတာတွေ ပေါင်းလုပ်၊ ပေါ်လစီနဲ့ သွားနေပြန်ပါတယ်။
လတ်တလောအချိန်မှာတော့ နိုင်ငံပိုင် သတင်းဌာနတွေကို လူတွေ ပိုကြည့် ပိုဖတ်လာအောင် အသည်းအသန်ကြိုးပမ်းနေတာ တွေ့နေရပါတယ်။ လူကြီးသတင်းတွေ အဖုံးပေါ်က မဖယ်ရဲသေးတာနဲ့ သ၀ဏ်လွှာပို့တာတွေ ဖော်ပြနေတုန်း ဖြစ်လို့ အစိုးရပြန်တမ်း ဆန်နေသေးပေမယ့် တချို့ဆောင်းပါးလေးတွေ သတင်းတွေ ဖတ်လို့မဆိုးတာ တွေ့ရပါတယ်။ ပြောရရင် သတင်းစာတစောင်လုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖတ်ကောင်းလာတာ တွေ့ရပါတယ်။ အစိုးရအဖွဲ့ သတင်းတွေကတော့ အရင်အတိုင်း ပုံသေကားကျ ရေးသားဖော်ပြနေတုန်းပါ။ ဖတ်လည်း မဖတ်ဖြစ်ပါဘူး။
သတင်းစာနောက်ပြန်လှည့်ပြီလား
ဒီလို တွေးမြင်မိနေတုန်း အခုတလော ဖော်ပြလာတဲ့ ဆောင်းပါးတချို့ ဖတ်မိတော့ သတင်းစာ နောက်ပြန်လှည့်ပြီလားလို့တောင် ထင်လိုက်မိပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ ၂ စောင်လုံးမှာ မော်ကွန်းဆိုသူ ရေးတဲ့ တရားဥပဒေစိုးမိုးရေး (Rule of law ) ဆောင်းပါး ဖော်ပြထားတာ တွေ့ရပါတယ်။ သူ့ဆောင်းပါးထဲမှာ သမ္မတကို ချီးကျုးထားပြီး လွှတ်တော်ကို ဝေဖန်ထားတာ တွေ့ရပါတယ်။ သမ္မတဟာ အမှားကို အမှားမှန်းသိရင် ပြင်ရဲတယ်။ မြစ်ဆုံစီမံကိန်းကိုလည်း ပြည်သူ့ဆန္ဒနဲ့အညီ ရပ်ဆိုင်းထားတယ် စသဖြင့် ချီးမွမ်းခန်းဖွင့်ပါတယ်။
လွှတ်တော်အမတ် ၁ ဦးရဲ့ လွှတ်တော်အထက်မှာ ကောင်းကင်ကြီးပဲ ရှိတယ်ဆိုတဲ့ ပြောစကားကို ထောက်ပြပြီး လွှတ်တော်အထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူပဲ ရှိတယ်လို့ ဆိုထားပါတယ်။ တခါ လွှတ်တော်အမတ် ၁ ဦးကပဲ ရှေ့နေချုပ်တို့၊ တရားသူကြီးချုပ်တို့ကို သမ္မတက ခန့်ထားလို့ သမ္မတဩဇာခံတွေလို့ ပြောတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက တိုက်ရိုက်ခန့်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ပဲ ခန့်ပိုင်ခွင့်ရှိတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာ မလေ့လာဘဲ လူရှေ့သူရှေ့ စကားထွက်မပြောသင့်ဘူးလို့ ဝေဖန်ရေးသားထာပါတယ်။
တခါ မီဒီယာတွေကိုလည်း ဝေဖန်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ သတင်းရေးကြရာမှာ တချို့မီဒီယာတွေက လက်ရှိအစိုးရကို စစ်အစိုးရလို့ ရေးသားဖော်ပြနေကြတယ်။ တကယ်တော့ ပြည်ထောင်စုအစိုးရဖြစ်တယ်စသဖြင့် သမ္မတကို ပေါ်တင်ချီးကျုး၊ လွှတ်တော်အမတ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာဖို့ ဆရာလုပ်ပြီးသကာလ တရားဥပဒေစိုးမိုးဖို့ လွှတ်တော်၊ အစိုးရ၊ မီဒီယာနဲ့ ပြည်သူမှာ တာဝန်ရှိတယ်လို့ ဆိုသွားပါတယ်။
ဆောင်းပါးအဆုံးပိုဒ်မှာလည်း တရားဥပဒေစိုးမိုးဖို့ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားရေးအဖွဲ့၊ မီဒီယာနဲ့ ပြည်သူတို့မှာ တာဝန်ရှိတယ်လို့ ရေးထားပါတယ်။
ဆိုလိုတာက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးဖို့ လွှတ်တော်က ထိပ်ဆုံးမှာ တာဝန်ရှိတယ်လို့ ထပ်တလဲလဲ တင်ပြသွားတာပါပဲ။
VIP တို့ ခရီးသွားနေသည်
မော်ကွန်းဆိုသူ ဆောင်းပါးရှင်ရဲ့ လွှတ်တော်ဘက် ခပ်နှိမ်နှိမ်ရေးထားတဲ့ ဆောင်းပါး ဖော်ပြတဲ့နေ့မှာပဲ မြန်မာ့အလင်းသတင်းစာမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ကို ဝေဖန်ထားတဲ့ ဆောင်းပါးတို ၁ ပုဒ် ဖော်ပြထားတာလည်း ဖတ်ရပါတယ်။
(လွှတ်တော်ဆောင်းပါးက စာမျက်နှာပြည့် ဖော်ပြထားတာဖြစ်ပြီး အစိုးရကို ဝေဖန်ထားတဲ့ ဆောင်းပါးက စာမျက်နှာ ၃ ပုံ ၁ ပုံလောက်ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြီးတော့ မြန်မာ့အလင်းသတင်းစာ ၁ စောင်မှာပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဟိုဘက်ဒီဘက် မျှမျှတတ ဖော်ပြပါတယ်လို့ မြင်စေချင်ဟန်ရှိပါတယ်။)
ကျော်ကျော်လှိုင် (SMART) ဆိုသူ ရေးထားတဲ့ဆောင်းပါးမှာ ဖော်ပြထားတာက စက်တင်ဘာလထဲ ၁ ရက် ရန်ကုန်ကနေ နေပြည်တော်ကို ကိစ္စတခုဖြင့် လေယာဉ်နဲ့ ခရီးထွက်တယ်။ လေယာဉ်က မနက် ၇ နာရီထွက်မယ့်လေယာဉ်ပါ။ ၇ နာရီထိုးပြီး လေယာဉ်ပေါ်လည်း ခရီးသည်စုံပြီးတော့ လေယာဉ်က မထွက်သေးပါ။ မကြာမီ ကား ၁ စီးနဲ့ ဦးဆောင်ညွှန်မှူးဆိုသူတဦး ရောက်လာပါတယ်။ နောက် ဗွီအိုင်ပီတဦးရောက်လာ၊ ဒါလည်း မထွက်သေး၊ အဲ့ဒီနောက် ဒုဝန်ကြီးဆိုသူ ၂ ဦးရောက်လာ၊ ထွက်ပြီထင်တာ မထွက်သေး၊ ဟောနောက်ဆုံး ၀န်ကြီးတဦးနဲ့ တပ်မတော်အရာရှိကြီးတဦး ရောက်လာမှ လေယာဉ်ထွက်ပါသတဲ့။ ၇ နာရီထွက်မယ့်လေယာဉ်က ဗွီအိုင်ပီကို စောင့်နေလိုက်တာ ၇ နာရီ ၃၆ မိနစ်ကျမှ ထွက်ဖြစ်ပါသတဲ့။ ဆောင်းပါးရှင်က သူ့ဆောင်းပါးကို အခွင့်အရေးထက် တာဝန်က ပိုအရေးကြီးပါသည်လို့ အမည်ပေးထားပါတယ်။ အစိုးရတာဝန်ရှိသူတွေဟာ ပြည်သူတွေထက် အခွင့်အရေးပိုမယူဖို့နဲ့ အခွင့်အရေးထက် တာဝန်ကိုပိုယူဖို့ တင်ပြထားတာ ဖြစ်ပါတယ်။
လွှတ်တော်ထဲ ပြောစရာဖြစ်ခဲ့သည်
တလောက ၇ ကြိမ်မြောက် လွှတ်တော်မစမီ သမ္မတက သူသဘောမတူတဲ့ ဥပဒေတွေကို သူကတော့ဖြင့် ဘယ်အချက်တွေ၊ ဘယ်လိုပြင်စေချင်တာအစ လွှတ်တော်က မပြင်လို့ သဘောမတူပါဘူးဆိုပြီး နိုင်ငံပိုင်သတင်းစာတွေထဲ ထည့်သွင်းဖော်ပြပါတယ်။ လွှတ်တော်စတော့ သမ္မတဟာ လွှတ်တော်ကို မတင်ပြခင် သတင်းစာထဲက ကြိုတင်ဖော်ပြတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး၊ မလုပ်သင့်ဘူးလို့ ထဆွေးနွေးကြပါတယ်။ အခုလည်း မကြာမတင် လွှတ်တော်စဖို့ ရှိပါတယ်။ ဆက်သွယ်ရေးဥပဒေကို သမ္မတက ပြင်ဆင်ချက်တချို့နဲ့ လွှတ်တော်ပြန်ပို့ထားတယ်ဆိုတဲ့ သတင်းထွက်နေပါတယ်။ အရင်တခါလို သတင်းစာထဲ ကြိုထည့်၊ မထည့်ဆိုတာ စောင့်ကြည့်ရပါဦးမယ်။
သတင်းစာတွေ စောင့်ကြည့်ခဲ့ရသလောက်တော့ လွှတ်တော်ကို နိုင်ငံပိုင်သတင်းစာတွေ တိုက်နေသလားလို့ ထင်စရာတွေ ရှိလာပါတယ်။ ဝေးဝေး မပြောတော့ဘဲ မနေ့တနေ့က သတင်းစာထဲ မော်ကွန်းဆိုသူရေးတဲ့ ဆောင်းပါးကိုပဲ ကြည့်ပါ။ ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် လွှတ်တော်ထဲ အမတ် ၁ ဦးက တရားသူကြီးချုပ်တွေကို သမ္မတကခန့်ထားတော့ သမ္မတဩဇာပဲခံမှာပေါ့လို့ ဒီနေ့ လွှတ်တော်ထဲ ထဆွေးနွေး၊ နောက်နေ့ မော်ကွန်း အခုရေးသားဖော်ပြသလို ပြန်လည်ရေးသားတုန့်ပြန်ခဲ့တာ သတိရမိပါတယ်။ သတင်းစာထဲမှာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာပါ။
ရေးပုံး သားပုံ ကြည့်ရတာလည်း သီချင်းတပုဒ်ထဲကလို ဒီမျက်နှာလေးမြင်ဖူးတယ်။
ထားတော့..။ ပြီးခဲ့တဲ့လ သမ္မတရဲ့ ရေဒီယို မိန့်ခွန်းမှာလည်း ပါပါတယ်။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတို့ကြား ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပွတ်တိုက်မှုတွေဟာ သဘာဝကျကျ ဖြစ်ပေါ်နေတာ၊ ဒါတွေကို သင်ခန်းစာယူပြီး ရှေဆက်လုပ်စရာရှိတာ လုပ်ရမယ်တဲ့။
ပွတ်တိုက်မှုတွေကနေ မီးပွင့်ထွက်အောင် အစိုးရပိုင်မီဒီယာတွေက လွှတ်တော်ကို တိုက်ဖို့ သင့်၊ မသင့် ချင့်ချိန်တော်မူကြပါ။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
October
(252)
- ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှ...
- ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)
- ၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်...
- အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း
- တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ
- ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်မျာ...
- ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
- အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (V...
- အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂ...
- မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်...
- ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမ...
- ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗို...
- လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကိ...
- အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေး...
- ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့...
- နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ...
- အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျို...
- ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြ...
- မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျေ...
- ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထေ...
- ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်
- သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်
- ၀န်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထ...
- ဦးကျော်ဆန်း ၀ဋ်လည်ပြီလား
- ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန...
- လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ
- ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် M Plaza Shopping Journ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် Auto World Vol 2 Issue 38
- အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ်...
- ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
- လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွ...
- ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်ေ...
- မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ...
- ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်
- အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရ...
- ရန်ကုန်မြို့တော် ခန်းမရှေ့ ဆူးလေ မှတ်တိုင်တွင် ရပ်...
- မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်
- လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထာ...
- တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေမျာ...
- မြန်မာမှ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူခဲ့၊ ၂၀၁၄ ဇ...
- မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မ...
- မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖ...
- ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူမ...
- အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်...
- ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး
- ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရ...
- တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ...
- ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား
- ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ...
- တရုတ်နိုင်ငံ တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကိုြ...
- ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက်...
- စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံး...
- ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရု...
- မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး
- မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကိ...
- ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိ...
- ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျ...
- မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အာ...
- အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်...
- မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ...
- ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်
- စိတ်ကြွဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ
- » ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံ...
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Tech Space Vol 2 Issue 28
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Netguide Vol(3) , Issue...
- တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာ...
- အမှုကြီးများဖြစ်ပွားမှု မြင့်တက်လာ၍ မန္တလေးမြို့ခံမျာ...
- လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်...
- ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ...
- မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြားေ...
- ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ...
- မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်
- အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး
- အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူ...
- ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝြ...
- နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်
- တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး
- ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း
- » မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ
- အောက်တိုဘာလ (၁၀)ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄...
- အောက်တိုဘာလ (၇)ရက်နေ့ထုတ် Commerce Journal Vol 13 ...
- ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာ...
- သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
- ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာ...
- စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
- Cranfield တက္ကသိုလ်မှာ မြန်မာစစ်အရာရှိ သင်တန်းတက်
- မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ...
- နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ၀င်ငွေ ကျဆင်းလာ
- မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရ...
- မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ...
- ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်...
- စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင...
- ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် ...
- နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
- အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
- ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား န...
- ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်
- ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြာ...
-
▼
October
(252)
No comments:
Post a Comment