Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 October 2013

ရွေ့ ပြောင်းလုပ်သားများ လစာကွာခြားမှု နှင့် အခွင့်အရေး ဆုံးရှုံးမှုများ လွှတ်တော်တင်မည်

 ရန်ကုန် ၊ စက်တင်ဘာ ၃၀။ ။ မြန်မာ ရွှေ့ပြောင်းအလုပ်သမား များ လုပ် ခလစာရရှိမှု ကွာခြားမှုများရှိနေ ခြင်းနှင့် အခွင့်အရေးဆုံးရှုံးနေမှု များကို ပြည်တွင်း၊ ပြည်ပအလုပ် သမားဆိုင်ရာကော်မတီမှ လွှတ် တော် တွင် မေးခွန်းများမေးမြန်း၍ လေ့လာတွေ့ရှိချက်များကို တင် သွင်းသွား မည်ဖြစ်ကြောင်း ကော် မတီဥက္ကဋ္ဌ ဒေါက်တာဦးမြင့်ကြည် က ပြောသည်။

အောက်တိုဘာ ၁၁ရက်တွင် ပြုလုပ်မည့် (၁၃)ကြိမ်မြောက် ထိုင်း၊ မြန်မာဝန်ကြီးအဆင့် ဆွေး နွေးပွဲတွင် မြန်မာရွှေ့ပြောင်းအလုပ် သမားများနှင့်ပတ်သက်၍ ကော် မတီ၏ လေ့လာထားသည့်အချက် အားလုံးကိုပါ ထည့်သွင်းဆွေးနွေး မှုများပြုလုပ်နိုင်ရန် လွှတ်တော် တွင် မေးခွန်းများမေးခြင်းနှင့် လေ့ လာတွေ့ရှိချက်များအား တင် သွင်းခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးမြင့်ကြည်က ''အလုပ်သမား ဝန်ကြီးဌာန အနေနဲ့လဲ ဒီပြဿနာ တွေကို သက်ဆိုင်ရာလူကြီးတွေ နဲ့ ညှိနှိုင်းဆွေးနွေးနေ တယ်လို့လဲ သိထားပါတယ်။ ကော်မတီအနေ နဲ့လဲ ခုလေ့လာထား တဲ့ရလဒ်တွေ ကို လွှတ်တော်တင်ပြသွား မယ်။ မေးခွန်းတွေမေးပြီး ဝန်ကြီးဌာန ကို တောင်းဆိုသင့်တာတွေ တောင်း ဆိုပေးသွားမှာပါ''ဟုပြော သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေး ရာဖိုရမ်မှ လည်း ထိုင်းနိုင်ငံရှိ မွေးမြူရေးလုပ်ငန်းများနှင့် ပုစွန် စက်ရုံများကို လေ့လာရာတွင် ကလေးငယ်များနှင့် ရွှေ့ပြောင်း လုပ်သားများ လုပ်ခလစာခေါင်း ပုံဖြတ်ခံနေ ရကြောင်း၊ အလုပ် သမားများ၏ အခွင့်အရေးများ ချိုးဖောက်ခံရမှုများ တွေ့ ရှိခဲ့ ကြောင်း၊ မြန်မာရွှေ့ပြောင်း အလုပ် သမားများ လွတ်လပ်စွာ အသင်း အပင်း ဖွဲ့စည်းခွင့်မရသည့်ပြဿ နာများကိုလည်း ရင်ဆိုင်နေရ ကြောင်း၊ ထိုင်းအစိုးရမှလည်း ILO ၏ အသင်းအပင်းဖွဲ့စည်းခွင့်ကို လက်မှတ်ရေးထိုး ထားခြင်းမရှိ ကြောင်းနှင့် ထိုင်းနိုင်ငံ ရှိရင်းစွဲ ဥပဒေများက ရွှေ့ပြောင်းအလုပ် သမားများကို ခွဲခြားရာရောက် နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအခွင့်အရေးဖိုရမ် (ILFR)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအဖွဲ့၏ ဖိတ်ခေါ်မှု ကြောင့် ထိုင်းနိုင်ငံတွင်အလုပ်လုပ် ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကို သွားရောက် လေ့လာခဲ့သည့် မန္တလေး အမှတ် (၂)အထည်စက်ရုံ(ပလိပ် )မှ အလုပ် သမားဦးဇော်ထိုက်က ''ကျွန်တော် တို့ သွားရောက်လေ့လာခဲ့ တဲ့အခါ မှာလဲ ကျွန်တော်တို့ မြန်မာအလုပ် သမားတွေရရှိတဲ့ လုပ်ခလစာနှုန်း ထားတွေ တူညီမှုမရှိတာတွေကို သိခဲ့ရပါတယ်။ ဘန်ကောက်နဲ့ မဲ ဆောက်ဆို ရင် အခြေခံလစာရ ရှိတာ ကွာခြားပါတယ်''ဟုပြော သည်။

အဆိုပါပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ကို ပြည်တွင်းပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် အလုပ် သမားများ၏ အခွင့်အရေးများ၊ လုပ်ခလစာများနှင့်ပတ်သက် ၍ လေ့လာမှုများ ပြုလုပ်နိုင်ရန် အတွက် အမျိုးသားလွှတ်တော်မှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ယင်း ကော်မတီသည်လည်း မြန်မာရွှေ့ ပြောင်း အလုပ်သမားများနှင့်ပတ် သက်၍ လေ့လာထားသည့်တွေ့ ရှိချက်များကိုတင်သွင်းပြီး မေး ခွန်းမေးမြန်းခြင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့