Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 6 October 2013

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ရိုက်နှက်ခံရ

မလေးရှားနိုင်ငံရှိ ဂျိုဟိုးပြည်နယ်၊ စီနိုင်မြို့၊ တမန်ဘင်တန်း ရပ်ကွက်ရှိ TDK လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၌ အလုပ်လုပ်ကိုင်သည့်  မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက မုဒိမ်းကျင့်ကာ ရိုက်နှက်ပြီး သင်္ချိုင်းကုန်းအနီး ပစ်ထားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃ ရက် ည ၈ နာရီတွင် TDK စက်ရုံမှ အချိန်ပိုဆင်းရန်မရှိသဖြင့် ပြန်လာသော အသက် (၂၄)နှစ်အရွယ် မြန်မာအမျိုးသမီး ကရင်တိုင်းရင်းသူတစ်ဦးကို မလေးရှားနိုင်ငံသားသုံးဦးက ကားဖြင့် ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

““အဲဒီအမျိုးသမီးကို ဒီနေ့ပဲ သွားတွေ့ပါတယ်။ ဒဏ်ရာတွေ တော်တော်ရထားတယ်။ သူတို့ အသေသတ်မလို့ ယောက်ျားရှိပါတယ်တောင်းပန်လို့ ပြန်လွှတ်တာ”” ဟု အဆိုပါအမျိုးသမီးနှင့် စက်တင်ဘာ ၄ ရက်တွင် သွားရောက်တွေ့ဆုံသူ မလေးရှားနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ကြီးကပြောသည်။

၎င်းသည် အိမ်ထောင်သည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင် တရားဝင်နေထိုင်သူဖြစ်သည်။ ရိုက်နှက်ခံရမှုများကြောင့် သွားတစ်ချောင်းကျိုးသွားပြီး ခန္ဓာကိုယ်တွင်လည်း  ဒဏ်ရာများစွာရရှိခဲ့သည်ဟု ဆိုသည်။
““တရားခံတွေမိအောင် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မိန်းကလေးကိုတော့ ဆေးရုံမှာထားထားပါတယ်””ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးနေသော မယာယာက ပြောသည်။ အဆိုပါ မုဒိမ်းကျင့်ခံရမှုနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးကိုလည်း အကြောင်းကြားစာ ပေးပို့ထားကြောင်း မယာယာက ဆက်လက် ပြောကြားသည်။

သြဂုတ် ၁၆ ရက်တွင်လည်း ဂျိုဟိုးပြည်နယ် Panasonic ဖုန်းများထုတ်လုပ်သော စက်ရုံတွင် အလုပ်လုပ်ကိုင်သူ မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားများက အုပ်စုလိုက် ၀ိုင်းဝန်းအဓမ္မပြုကျင့်ပြီး  နံနက် ၁ နာရီတွင် ၎င်းနေထိုင်သော အဆောင်အနီး၌ ပစ်ချထားခဲ့သည်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့