Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 6 October 2013

မိကျောင်းကန် မြေသိမ်းပြဿ ပြေလည်မှုရရှိ

 မိကျောင်းကန်မြေသိမ်းပြဿကို လွှတ်တော်မှာ အထူးကိစ္စရပ်တခုအနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိကြောင့် မဟာဗန္ဓုလပန်းခြံနားက သပိတ်စခန်းကို ဒီနေ့ မွန်းလွဲပိုင်းက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်နဲ့ မိကျောင်းကန်ဆန္ဒပြအဖွဲ့ ကိုယ်စားလှယ်တို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သပိတ်စခန်းရုပ်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂နဲ့ ၃ နေ ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို သိမ်းယူထားတာ ပြန်ပေးဖို့ အောက်တိုဘာ ၂ ရက်ညကတည်းက ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

န၀တစစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်ကတည်းက သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ကို အတင်းအကျပ်ပြောင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ဒေသခံပြည်သူတွေနဲ့ မြေယူသိမ်းဆည်းမှု ပြဿနာ ဒီနေ့ ညှိနှိုင်းပြေလည်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။






No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့