Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 2 October 2013

ရိုးမ နဲ့ မစ်ဆူဘီရှီ ပေါင်းပြီ

အကျိုးတူစီးပွားရေး ပူးပေါင်းဆောင်ရွက် ရေး နားလည်မှု စာချွန်လွှာ (MOU)  တစ်ရပ် ကို လက်မှတ် ရေးထိုး ခဲ့

စင်ကာပူစတော့ရှယ်ယာဈေးကွက်ဝင် စီးပွား ရေးလုပ်ငန်းစု ကြီး ဖြစ် သော Yoma Strategic သည် ဂျပန်နိုင်ငံ၏အကြီးဆုံးစီးပွားရေးလုပ်ငန်းစု ကြီး ဖြစ်သည့် Mitsubishi Corporation နှင့် နှစ်ဖက် အကျိုးတူစီးပွားရေး ပူးပေါင်းဆောင်ရွက် ရေး နားလည်မှု စာချွန်လွှာ (MOU)  တစ်ရပ် ကို လက်မှတ် ရေးထိုး ခဲ့ ပါသည်။

Yoma သည် ပြည်တွင်းတွင်  Mitsubishi Corporation နှင့် Mitsubishi Motors တို့ ဖြင့်ပူးပေါင်းကာမော်တော်ယာဉ် ၀န်ဆောင်မှုစင်တာ (after sales service centre) ကို ရန်ကုန်တွင် ဖွင့်လှစ်လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

`အခုလိုဂျပန် နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းစုကြီး တွေ အ ထဲ က တစ် ခု ဖြစ် တဲ့ Mitsubishi နဲ့ စီး ပွား ရေး အရ ပူးပေါင်းမှုဟာ လုပ်ငန်းအချင်းချင်းအကြားပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမယ့် အကြောင်း အချက် တွန်း အား တစ်ခု ဖြစ်လာမှာဖြစ်သလို ကျွန်တော်တို့ရဲ့ လက် ရှိ စီမံကိန်းတွေ အောင် အောင် မြင် မြင် နဲ့ ဆက်လက်ဆောင်ရွက်သွားနိုင်မယ်ဆိုတာပို ပြီး သေ ချာ သွား စေ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ဒီလို နာမည်ကျော် Mitsubishi လို အဖွဲ့အစည်း ကြီး မျိုးနဲ့ ပူး ပေါင်း ဆောင်ရွက် ခွင့် ရတာ ဂုဏ် ယူ ပါတယ်။’ ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Andrew Rickards က ဆိုပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့