Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 1 October 2013

ဥပဒေချိုးဖောက်မှု လက်ပိုက်ကြည့်နေသော တာဝန်ရှိသူများ ဥပဒေနှင့်အညီ အရေးယူရမည်ဟု သူရဦးရွှေမန်း ပြောပြီ

ဥပဒေချိုးဖောက်မှုကို လက်ပိုက်ကြည့်နေသော တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူရမည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အားနည်းချက်များစွာရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲအခမ်းအနား၌ ပြောကြားလိုက်သည်။

" ဥပဒေတွေကို စီမံခန့်ခွဲတဲ့ ပုဂ္ဂိုလ်တွေကလည်း ဥပဒေကို လိုက်နာရမယ်။ နိုင်ငံအတွင်းမှာနေတဲ့ မည်သည့်ပုဂ္ဂိုလ်မဆို လိုက်နာစောင့်ထိန်းရမယ်။ မလိုက်နာတဲ့သူက ချိုးဖောက်တဲ့သူ ဖြစ်တဲ့အတွက် ဥပဒေရဲ့ အရေးယူခြင်း ကိုခံရမယ်။ ဥပဒေချိုးဖောက်နေတာကို လက်ပိုက်ပြီး ကြည့်နေတဲ့ တာဝန်ရှိ သူတွေကိုလည်း ဥပဒေမလိုက်နာတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူရ မှာဖြစ်ပါတယ် " ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်မှုများ မရှိသေးကြောင်။ ရှိနေလျှင်လည်း မလုံလောက်သေးကြောင်း။ သို့ဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းကြောင့် ရခိုင် တိုင်းရင်းသားများ တာဝန်ထမ်းဆောင်နေကြရသည့် နယ်မြေ၌ နယ်မြေပိုင်ဆိုင်မှုပြဿနာ၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့