Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 1 October 2013

စီမံကိန်းများကြောင့် ရေထု၊ မြေထု ညစ်ညမ်းမှုများကို စစ်ဆေးရန် ဓာတ်ခွဲခန်းဖွင့်

စီမံကိန်းကြီးများနှင့် စက်ရုံများမှ ထွက်ရှိလာသော စွန့်ပစ်ရေဆိုးများကြောင့် သဘာဝပတ်ဝန်းကျင် လေထု၊ မြေထုနှင့် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းကို သုတေသနပြု ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်းကို စက်တင်ဘာလအတွင်း ဖွင့်လှစ် လိုက်ကြောင်း အဆိုပါ ဓာတ်ခွဲခန်း တာဝန်ခံ ဒေါက်တာကျော်ငြိမ်းအေးက ပြောကြားသည်။

အဆိုပါ ဓာတ်ခွဲခန်းသည် ပြည်သူများ၏ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင်တို့နှင် ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သည့် အရက်ချက်စက်ရုံများ၊ သကြားနှင့် ငါးပုစွန်စက်ရုံ အများအပြား အခြေစိုက်ရာ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရေနမူနာ များတွင် မြေထုနှင့် ရေထုညစ်ညမ်းမှု ရှိ မရှိစသည်တို့ကို ၂၀၁၄ ခုနှစ်အထိ အခမဲ့ ဓာတ်ခွဲစမ်းသပ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ဓာတ်ခွဲခန်း တည်ထောင်ဖွင့်လှစ်မည့် Ecodev အဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ရှင်းပြသည်။

အဆိုပါ ပတ်ဝန်းကျင်ရေးရာ ဓာတ်ခွဲခန်း တည်ထောင်ရန်အတွက် ပြင်သစ် အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
“ကုမ္ပဏီတွေနဲ့ ဆက်စပ်လာလို့ စမ်းသပ်မယ်ဆိုရင် ပိုက်ဆံကောက်မယ်။ နောက်ပြီး ရန်ကုန်၊ မန္တလေးပဲ ဆိုပေမယ့် ကျန်တဲ့အရေးကြီး ဒေသတွေကိုတော့ ဓာတ်ခွဲပေးမှာပါ” ဟု ဦးဝင်းမျိုးသူက ဆိုသည်။

သောက်သုံးရေ၊ မြစ်၊ ချောင်း၊ အင်းအိုင်များမှ ရေနှင့် စွန့်ပစ်ရေဆိုးများတွင် သံသတ္တုဓာတ်၊ စိန်ဓာတ်၊ ချဉ်ဖန်ကိန်း (PH) စသည့် အန္တရာယ်ရှိ ဓာတ်သတ္တုများ ပျော်ဝင်ခြင်းရှိ မရှိနှင့် မြေထုညစ်ညမ်းမှု စသည့်တို့ကို သင်တန်းများပေးကာ ဓာတ်ခွဲ စမ်းသပ်မည် ဖြစ်ကြောင်း ဒေါက်တာ ကျော်ငြိမ်းအေးက ပြောဆိုသည်။

အမျိုးမျိုးသော စီမံကိန်းများကြောင့် အနီးဝန်းကျင်နေ ဒေသခံများ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားရသော်လည်း ယင်းကို သက်သေပြနိုင်ရန် ဓာတ်ခွဲခန်းများ လိုအပ်နေသည်။
ရေထု၊ မြေထု ညစ်ညမ်းမှုများကို တိုက် A၊ အခန်း (၁၀၇)၊ ပထမထပ်၊ ဆင်မလိုက် အဝေးပြေးအိမ်ရာ၊ ကမာရွတ်မြို့နယ်တွင် သွားရောက် စစ်ဆေးနိုင်သည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့