ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံ ရေတပ် ပူးပေါင်းကာ လုံခြုံရေးဆိုင်ရာကိစ္စများ လုပ်ဆောင်ရန် လတ်တလောတွင် အစီအစဉ် မရှိသေးသော်လည်း အနာဂတ်တွင် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှ...ိကြောင်း ဂျပန် ရေတပ်လေ့ကျင့်ရေး ဗိုလ်ချုပ် Mr. Fumiyuki Kitagawa က ပြောကြားသည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ဂျပန်လေ့ကျင့်ရေး အငယ်တန်း အရာရှိများ လေ့လာရေး လာရောက်သည့် ဂျပန်လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း သီလဝါ ဆိပ်ကမ်းသို့ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ်က ဆိုက်ကပ်ချိန်တွင် ၎င်းက ထိုသို့ပြောဆိုခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မေလက မြန်မာနိုင်ငံသို့ လာရောက်စဉ် နှစ်နိုင်ငံ ရေတပ်ပူးပေါင်းကာ ပင်လယ်ပြင် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ဆောင်ရွက်သွားရန် သမ္မတဦးသိန်းစိန်နှင့် သဘောတူညီပြီးနောက်တွင် အဆိုပါ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် Mr. Fumiyuki Kitagawa က ပြောကြားသည်။
အောက်တိုဘာလ ၄ ရက်နေ့ထိ ဆိုက်ကပ်ထားမည့် ယင်းသင်္ဘောသုံးစင်းတွင် အငယ်တန်း စစ်အရာရှိ ၁၇၀ ဦး အပါအဝင် အမှုထမ်း၊ အရာထမ်း စုစုပေါင်း ၇၃၀ ပါဝင်ကြောင်း၊ ယင်းသင်္ဘောအဖွဲ့သည် ကမ္ဘာအနှံ့သို့ လေ့လာရေး၊ ချစ်ကြည်ရေး ထွက်ခွာလာသည်မှာ လေးလ ကြာမြင့်ပြီ ဖြစ်ပြီး မြန်မာနိုင်ငံသည် ၁၇ နိုင်ငံမြောက် ဆိုက်ကပ်သည့် နိုင်ငံဖြစ်ကြောင်း ၎င်းကဆိုသည်။
လေ့လာရေးနှင့် ချစ်ကြည်ရေး ခရီးစဉ် အတွင်းတွင် မြန်မာနိုင်ငံ ရေတပ်လေ့ကျင့်ရေး ပညာသင်ကျောင်း၊ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စု၊ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဂျပန်စစ်သင်္ချိုင်းနှင့် ဂျပန်ပညာ သင်တန်းကျောင်းတို့သို့ လေ့လာရေး သွားရောက်ကာ တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျပန် ရေတပ်လေ့ကျင့်ရေး ဗိုလ်ချုပ် Mr. Fumiyuki Kitagawa က ဆိုသည်။
No comments:
Post a Comment