Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

မီဒီယာ လုပ်ငန်းများတွင် စီးပွားရေး ကြော်ငြာများ ထည့်သွင်းခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ အတွက် ဆွေးနွေးပွဲ ပြုလုပ်ခဲ့

  စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ မီဒီယာ လုပ်ငန်းများမှ ကြော်ငြာ ထည့်သွင်းခြင်းဖြင့် ရရှိလာမယ့် အကျိုးရလဒ်တွေ အတွက် ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို
စက်တင်ဘာလ ၁၉ ရက်နေ့က Sedona Hotel မှာ ကျင်းပ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဆွေးနွေးပွဲ ကိုတော့ Forever Group Co;Ltd ၊ Myanmar Online Co;Ltd (MOL) မှ ပြုလုပ်တာ ဖြစ်ပြီး Key to Success 2013 အတွက် ပြုလုပ် သွားမယ့် Program တွေမှာ စီးပွားရေး လုပ်ငန်းရှင်များမှ ကြော်ငြာ ထည့်သွင်းခြင်းဖြင့် ရရှိလာမယ့် ရလဒ်တွေ အကြောင်းကို ထည့်သွင်း ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
 
ဒီလို ကြော်ငြာ တွေကို ထည့်သွင်းရာမှာ ဆိုရင် အဓိက အနေနဲ့ စပိန်လာလီဂါ ဘောလုံး ပွဲစဉ် တွေမှာ ထည့်သွင်း နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီဘောလုံးပွဲစဉ် တွေကို MRTV-4 နဲ့ Channel-7 မှာ တစ်ပတ်ကို ၂ ကြိမ်၊ စနေ၊ တနင်္ဂနွေနေ့ တို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော အစီအစဉ်တွေဖြစ်တဲ့ Happy Beach ဇာတ်လမ်းတွဲ၊ Forever Mandalay ဇာတ်လမ်းတွဲ အစရှိတဲ့ မြန်မာဇာတ်လမ်းတွဲ တွေမှာပါ ကြော်ငြာ ထည့်သွင်း နိုင်ဖို့ကိုလည်း ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
 
ဒီလို ဆွေးနွေးမှုကို ပြုလုပ်ရတာ ဟာဆိုရင် Forever Group Co;Ltd အနေနဲ့ Free to Air ရုပ်သံလိုင်းများမှ ရုပ်သံကြည့် ပရိသတ်တွေ အတွက် အကောင်းဆုံး တင်ဆက်ဖို့နဲ့ စီးပွားရေး လုပ်ငန်းရှင် တွေကိုလည်း ကြော်ငြာတွေ ကနေ ရလဒ်ကောင်းများ ရရှိဖို့ အတွက် ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့