Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

ထိုင်းနိုင်ငံရှိ တက္ကသိုလ် တစ်ခုမှ ပညာသင်ဆု ပေးအပ် သွားရန်ရှိ


  ပြည်တွင်းရှိ စီးပွားရေး ပညာရပ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားများ အတွက် ထိုင်းနိုင်ငံရှိ Webster University (Thailand Compus) မှ ကျောင်းလခရဲ့
၅၀ ရာခိုင်နှုန်းကို ပညာသင်ဆု အဖြစ် ပေးအပ် သွားမှာ ဖြစ်တယ်လို့ MSI  နိုင်ငံခြားပညာရေး ၀န်ဆောင်မှုမှ သိရပါတယ်။ လက်ရှိမှာ ကျောင်းလခ အနေနဲ့ Under Graduate တန်းမှာ အမေရိကန် ဒေါ်လာ သုံးသောင်း နှစ်ထောင် ၀န်းကျင်ထိ ကုန်ကျမှာ ဖြစ်ပြီး Graduate တန်းမှာ အမေရိကန် ဒေါ်လာ တစ်သိန်း ခုနစ်သောင်း တစ်ထောင် တစ်ရာ ရှစ်ဆယ့် လေးမှ နှစ်သောင်း နှစ်ထောင် ရှစ်ရာ နှစ်ဆယ့်ခြောက် အတွင်းရှိတဲ့ အတွက် ပညာသင်ဆု ရရှိပါက အဆိုပါ ကျောင်းလခရဲ့ ၅၀ ရာခိုင်နှုန်းကို ပညာသင်ဆု ပေးအပ် သွားမှာ ဖြစ်ပါတယ်။
 
အဆိုပါ တက္ကသိုလ်ဟာ အမေရိကန် တက္ကသိုလ် တစ်ခုဖြစ်ပြီး အဲ့ဒီ တက္ကသိုလ်မှာ Compus နှစ်ခုမှာ American Degree ကို တိုက်ရိုက် သင်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ တက္ကသိုလ်မှာ စီးပွားရေး ဘာသာရပ်များ ဖြစ်တဲ့ Management, Empharis In ၊ Business Adminstration ၊Media Communication Advertising and Marketing Communications ၊ Psychology ၊International, Relations ဘာသာရပ်များကို သင်ကြားပေးတာ အပြင် အလုပ်အကိုင် အခွင့်အလမ်း နယ်ပယ် ပိုမိုကျယ်ပြန့်စေတဲ့ Double Major ဘာသာရပ်ကိုပါ သင်ယူနိုင်မှာ ဖြစ်ပါတယ်။
 
အဆိုပါ Webster University မှာ ပညာသင်ကြား လိုပါက United State သြစတြေးလျ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ထိုင်း အစရှိတဲ့ နိုင်ငံမှာ ကျောင်းခွဲများရှိတဲ့ အတွက် Campus to Compus ကူးပြောင်း သင်ကြားလိုတဲ့ ကျောင်းသားတွေ အတွက် ၀န်ဆောင်မှုများ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ WUT (Webster University Thiland) တက္ကသိုလ် အနေနဲ့ WUT Merit Based Scholarships, WUT Need Based Scholarship, WUT Rector's Schlorship, WUT Entrance Scholarship ပညာသင်ဆုများ ကိုပါ ပေးအပ် နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့