Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 September 2013

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ရုပ်ရှင်ရုံ နှစ်ရုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ငါးဦး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Davao City ရှိ Gaisano ရှော့ပင်းမောလ်ရှိ Cinema 5 နှင့် SM ဈေးဝယ်စင်တာ အတွင်းရှိ
Cinema 1 ရုပ်ရှင်ရုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူငါးဦး ဒဏ်ရာ ရရှိခဲ့သည်။ ပထမအကြိမ် ပေါက်ကွဲမှုသည် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒုတိယအကြိမ် ပေါက်ကွဲမှုသည် ည ၉ နာရီ မိနစ် ၂ဝ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Davao City ရဲတပ်ဖွဲ့မှ အကြီးအကဲ Rodrigo Duterte မှ ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၈ ရက်က Moro National Liberation Front (MNLF) မှ ခွဲထွက်သည့် သူပုန်များနှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အတွက် ရဲတပ်ဖွဲ့ဝင်များမှ အခြားဒေသတွင် အားဖြည်.ထားစဉ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးပေါက်ကွဲမှုသည် ပြည်သူလူထုကို ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ Rodrigo Duterte က ထပ်မံ ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရှော့ပင်းမောလ် နှစ်ခုကို ပြီးခဲ့သည့် ညသန်းခေါင်ယံထိ တိုင်အောင် ဝန်းရံ တားဆီးထားသည်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရေးမှူးများက ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။

http://www.philstar.com/nation/2013/09/17/1220701/5-hurt-davao-city-twin...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့