အင်တာနက် ကနေ ကိုယ်လိုချင်တဲ့ဆော့ဝဲလ် တွေ app တွေ နဲ့ ရုပ်ရှင် ဖိုင်တွေ ကို မြန်မြန်ဆန်ဆန် ဒေါင်းဖို့ အကောင်းဆုံး ကဒေါင်းလုပ်မန်နေဂျာ ပဲလေ ။ ဖိုင်ဆိုက်ကြီးကြီး တွေ ကိုဒေါင်းလုပ်ချရင် အပိုင်းတွေ ပိုင်းပီးတင်ပေးတတ်ကြတယ် နောက်ဆုံးပိုင်းဒေါင်းနေရင်း Error တက်ပီးလင့်သေသွားခဲ့ရင် ကိုယ်အပင်ပန်းခံဒေါင်းထားတာလေး အစကပြန်ဒေါင်းလုပ်ချရရင်အချိန်ကုန်တယ်လေ။ ဒီနည်းလေးနဲ့ စမ်းသတ်ကြည့်ပါ ။
- ဒေါင်းလုပ်လင့်(Download Link) က စတင်ဒေါင်းလုပ်ဆွဲကတည်းက Resumeရဖို့ လိုပါတယ်
ဒီပုံလေးထဲကအတိုင်း Error ဖြစ်နေတဲ့လင့်ကို R-Click > Refresh Download Adress ကို Click လိုက်ပါ ဒါဆိုရင် မူလဒေါင်းလုပ် ယူခဲ့တဲ့ဒေါင်းလုပ် Page ကိုဘရောက်ဇာကပွင့်လာပါလိ့မ်မယ်

- အရေးကြီးတာက အသစ်ပြန်ဆွဲမယ့် ဒေါင်းလုပ် ကိုတန်းပြီး ဒေါင်းလုပ် မလုပ်လိုက်ပါနဲ့
ဥပမာ- ဒေါင်းလုပ်လင့်ကိုပဲ Copy Link Location နဲ့ ယူပီး Note pad လေးဖွင့်ပီးယာယီမှတ်ထားပါ။
နောက်အဆင့်ကလွယ်ပါတယ် ဒေါင်းလုပ်မန်နေဂျာကိုဖွင့်လိုက်ပီးတော့ စောစောက Error ဖြစ်သွားတဲ့ ဒေါင်းလုပ်ကို Dabble Click ဖွင့်လိုက်ပါ။
ပီးရင် ပွင့်လာမယ့် Box ရဲ့ Adress နေရာမှာ Copy ယူထားတဲ့ ဒေါင်းလုပ်လင့် အသစ်ကို အစားထိုး ပီး OK လုပ်လိုက်ပါ။
ဒါဆိုရင် Error ဖြစ်နေတဲ့ ဒေါင်းလုပ်ဟာ ပြန်ပီး Resume လုပ်ဖို့ အသင့်ဖြစ်နေပါပီ…R Click >Resume လုပ်လိုက်ပါ။ အိုကေသွားမှာပါ ကိုယ်ဒေါင်းလက်စ 50% မှာ အယ်ရာတက်ပီး ဒေါင်းမတော့တဲ့နေရာကနေပြန်ပီး ဒေါင်းပေးပါလိမ်မယ်။
No comments:
Post a Comment