Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမေရိကန် ဒေါ်လာ ၇၆.၇၉ သန်းဖိုး မူးယစ်ဆေးဝါးများ ဖျက်ဆီး နိုင်ခဲ့

  မြန်မာ တစ်နိုင်ငံလုံးမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လမှ ၂၀၁၃ ခုနှစ် ဇွန်လ အထိ တစ်နှစ်တာ အတွင်း ဖမ်းဆီး ရမိခဲ့တဲ့ မူးယစ်ဆေးဝါး များကို ဇွန်လ ၂၆ ရက်နေ့
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။ ဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး တွေရဲ့ တန်ဖိုး ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အမေရိကန် ဒေါ်လာ ၇၆.၇၉ သန်းဖိုး ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ မူးယစ်ဗဟိုနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေး ဌာနမှ တာဝန်ရိသူ တစ်ဦးရဲ့ပြောပြချက် အရ သိရပါတယ်။
 
အဲ့ဒီလို ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေမှာ ရန်ကုန်မြို့မှာ ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေ ကတော့ ဘိန်းဖြူ ၀.၀၅၅ ကီလို၊ ဆေးခြောက် ၇၉.၂၅၆ ကီလို၊ စိတ်ကြွဆေးပြား ရှစ်သိန်း လေးသောင်း နှစ်ထောင် ရှစ်ရာ ခုနစ်ဆယ့်ခုနစ်ပြား၊ စိတ်ကြွဆေးမှုန့် ၀.၀၁ ကီလို အစရှိတဲ့ ဆေးများ အပါအ၀င် ဆေးအမျိုးအစားပေါင်း ၁၅ မျိုးကို မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုဟာ  ရန်ကုန်မြို့ အပါအ၀င် မန္တလေး၊ တောင်ကြီး အစရှိတဲ့ ဒေသများမှာ လည်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး တန်ဖိုးတွေကတော့ ရန်ကုန်မြို့မှာ အမေရိကန် ၄.၆၃ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ၊ မန္တလေးမှာ အမေရိကန်ဒေါ်လာ ၈.၁၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများနဲ့ တောင်ကြီး မှာတော့ အမေရိကန် ဒေါ်လာ ၆၄ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး တွေကို  ဖျက်စီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဖျက်စီးမှုတွေ ကိုတော့ ပြည်တွင်းမှ တာဝန်ရှိသူ တွေအပြင် ပြည်ပ အဖွဲ့အစည်းများမှ ဖိတ်ကြားထား သူတွေပါ ပါဝင်ပြီး မီးရှို့ဖျက်ဆီး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့