Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့်ကဒ် သက်တမ်း ကျော်လွန်ပါက ဒဏ်ကြေးငွေ ပေးဆောင် သွားရမည်

  တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် ကဒ်သက်တမ်း တိုးမြှင့်ရန် အတွက် သက်တမ်း ကျော်လွန် သွားပါက ဒဏ်ကြေးငွေများ ပေးဆောင်
ရမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သိရပါတယ်။ အဆိုပါ တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့် ကဒ်ကို သက်တမ်း တိုးမြှင့်ရာမှာ သက်တမ်း မကုန်ဆုံးမီ တစ်လ ကြိုတင်ပြီး သက်တမ်း တိုးခွင့် လျှောက်ထား ရမှာ ဖြစ်ပါတယ်။
 
အဲ့ဒီလို သက်တမ်းတိုး ရာမှာတော့ တစ်နှစ်ကို တစ်ကြိမ် ခွင့်ပြုပေး ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ သက်တမ်း ကုန်ဆုံးပြီး ၁ လအတွင်း လျှောက်ထားပါက ဒဏ်ကြေးငွေ ငါးထောင်ကျပ်၊ ၂ လအတွင်း လျှောက်ထားပါက တစ်သောင်းကျပ်၊ ၃ လအတွင်း လျှောက်ထားပါက တစ်သောင်း ငါးထောင်ကျပ် ပေးဆောင်ရ မှာဖြစ်ပြီး သက်တမ်း ကုန်ဆုံးပြီး ၂ လမှ ၆ လအတွင်း လျှောက်ထားပါက ဒဏ်ငွေ သုံးသောင်းကျပ် ပေးဆောင် သွားရမှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့် ကဒ်ပြန်လည် အပ်နှံခြင်း၊ ဖျက်သိမ်းခြင်း စတဲ့ စည်းကမ်းချက် မူဝါဒ များလည်း လိုက်နာရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့်မှာ မူဝါဒ လုပ်ထုံး လုပ်နည်းများနဲ့ ဆောင်ရွက် ခွင့်ပြုထားတဲ့ ပို့ကုန်၊ သွင်းကုန် ပစ္စည်းများ ကိုသာ တင်ပို့တင်သွင်း ရမှာဖြစ်ပြီး သတ်မှတ် ထားတဲ့ အခွန်အခများ ကိုလည်း ပေးဆောင် သွားရမှာ ဖြစ်တယ်လို့သိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့