Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

၆ ဘာသာဂုဏ်ထူးရှင်၂ ဦး အပါအ၀င် ၂၂ ဦး ထူးခြားစွာ အောင်မြင်ခဲ့သော ရပ်ကွက်ကလေး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာ ရပ်ကွက်မှ ၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၆ဘာသာ ၂ဦး၊ ၅ဘာသာ ၂ဦး၊ ၃ဘာသာ ၁ဦး၊ ၂ဘာသာ ၂ဦး၊
၁ဘာသာ ၂ဦး နှင့် ရိုးရိုးအောင် ၁၃ဦး  စုစုပေါင်း  ၂၂ဦး ထူးခြားစွာ အောင်မြင်ကြောင်း သိရပါသည်။

ရပ်ကွက်မိဘများ ရပ်ကွက်သူ ရပ်ကွက်သားများက ၂၂/၆/၂၀၁၃ နေ့က ထူးခြားစွာ အောင်မြင်သော
ကျောင်းသား ကျောင်းသူများကို အခမ်းအနားဖြင့် ထိုက်တန်စွာ ဂုဏ်ပြုပေးခဲ့ရာ အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တော် ဦးစံလင်း ကိုယ်တိုင်နှင့် တကွ ပြည်နယ်ပညာရေးမှူး၊ ရွှေညောင်မြို့ အထက ကျောင်းအုပ်ဆရာမကြီး၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး (တောင်ကြီးမြို့) ၊
သုဓမ္မမဏိဇောတဓရ ဦးသန်းဌေး (ရွှေညောင်မြို့) ၊ ကုန်သည်ကြီး ဦးစံရွှေ (ရွှေတံခါး  ရောင်းဝယ်ရေး  ရွှေညောင်မြို့) တို့တက်ရောက်ဆုချီးမြှင့် ဂုဏ်ပြုပေးပါကြောင်း သိရပါသည်။






No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့