Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူ'


မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချတဲ့မူ (၁၀ခါဖတ် ၁၀ခါဖတ်)
သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒကိုကျယ်ပြန့် ထွန်းကားအောင်လုပ်တာဘဲ ။
အရေးကြီးတာက ကိုယ့်ဝါဒကိုကျယ်ပြန့် ထွန်းကားစေချင်ရင် သူ့ ဝါဒဓလေ့ကို မထိပါး မပုပ်ခတ်ရဘူး ။ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို သူတို့ ရဲ့ မိရိုးဖလာ ဓလေ့ထုံး ဆိုတာရှိတယ်။
ဒါတွေကို အလကား မိစ္ဆာဝါဒတွေ ရူးကြောင်ကြောင် အလုပ်တွေဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။
သူ့ လက်ထဲမှာ ၀တ်ထားတဲ့ ချက်ကျောက်ကြီးကို ဒါအတုကြီးဘဲဆိုပြီး ဆွဲမချွတ်လိုက်နဲ့  သူများလှတာမနာလို လို့ လားဆိုပြီး လက်ကိုပုတ်ချလိမ့်မယ်။ ကိုယ့်မှာရှိတဲ့ စိန်အစစ်ကိုလက်တွေ့ ပြ။ ဒါစိန်အစစ်ဘဲလို့ ပြောပြနိုင်ရင် သူ့ လက်က စိန်အတုကြီးကို သူ ကိုယ်တိုင်ချွတ်ပြီး လွှတ်ပစ်လိုက်မယ်။
အဲဒါကြောင့် သူများအမှားကို ပယ်ပယ်နယ်နယ်ကြီး အပုတ်ချပြောဆိုနေမယ့်အစား ကိုယ်ပြောမယ့်အမှန်တရားကိုသာ အများနားဝင်အောင် ရေရေလည်လည်ပြောပြဖို့ အရးကြီးပါတယ်.။ ဒါဟာ မိဂုဒါဝုန်မှာ မြတ်စွာဘုရား အသုံးချတဲ့မူဘဲ။

(ကမ္ဘာ့ဗုဒ္ဓ သာသာနာပြုဆရာတော်အရှင်သေဌိလာဘ၀ံသ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့