Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

ကမ်းလွန် လုပ်ကွက်များ လုပ်ကိုင်ရန် အတွက် နိုင်ငံတကာ ရေနံကုမ္ပဏီ ၆၀ ကျော်မှ တင်ဒါများ လျှောက်ထားခဲ့

စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းများ အရ ပြည်တွင်းရဲ့ စွမ်းအင် ကဏ္ဍ ဖြစ်တဲ့ ကမ်းလွန် လုပ်ကွက် ၃၀ လုပ်ကိုင်ဖို့ အတွက် တင်ဒါများ ခေါ်ယူထားခဲ့ရာ
သတ်မှတ် ထားတဲ့ တင်ဒါတင်ပြဖို့ နောက်ဆုံးနေ့ ဖြစ်တဲ့ ဇွန်လ ၁၄ ရက်နေ့ အထိ တင်ဒါ ၀င်ရောက် ယှဉ်ပြိုင် လျှောက်ထားတဲ့ နိုင်ငံတကာမှာ ရေနံကုမ္ပဏီ ၆၈ ခုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကမ်းလွန် လုပ်ကွက် ၃၀ အတွက် တင်ဒါများ လျှောက်ထားခဲ့တဲ့ နိုင်ငံတကာ ကုမ္ပဏီများထဲမှာ သြစတြေးလျ၊ အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံများမှ ရေနံကုမ္ပဏီများက အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံတကာ လုပ်ငန်းရှင် တွေဟာ ပြည်တွင်းရဲ့ စွမ်းအင် ကဏ္ဍမှာ ပါဝင်ပူးပေါင်း လုပ်ကိုင်ဖို့ စိတ်ဝင်စားမှုတွေ ရှိနေသလို ပြည်တွင်းက လုပ်ငန်းရှင် အချို့ ဟာလည်း နိုင်ငံတကာ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး စွမ်းအင်ကဏ္ဍမှာ ပူးပေါင်း လုပ်ကိုင်ဖို့ အတွက် ဆန္ဒရှိနေတယ် လို့လည်း သိရပါတယ်။

စွမ်းအင် ၀န်ကြီးဌာန အနေနဲ့ ကမ်းလွန် လုပ်ကွက်များ လုပ်ကိုင်ဖို့ အတွက် နိုင်ငံတကာမှ ကုမ္ပဏီများ တင်ဒါများ ခေါ်ယူထားခဲ့ပြီး ဖြစ်သလို ကုန်းတွင်း လုပ်ကွက် ၁၈ ကွက်ကို လုပ်ကိုင်ဖို့  အတွက်လည်း နိုင်ငံတကာမှ ကုမ္ပဏီများ ကိုလည်း တင်ဒါများ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ကုန်းတွင်း လုပ်ကွက် ၁၈ ကွက် အတွက် တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီ ၉၀ ကျော်ရှိ ခဲ့ပြီး ကုမ္ပဏီ ၅၉ ခုကတော့ အကြို အရည်အချင်းစစ် တင်ဒါ အောင်မြင်ခဲ့ တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့