Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 26 June 2013

မျိုးစောင့်တာဝန်

မျိုးစောင့်ဥပဒေတဲ့
ဒီလိုတောင်ဖြစ်နေပြီလား
လူ့အခွင့်အရေးသမားတွေ
အမျိုးသမီးတွေကသဘောမတူ
ဘယ်သူတွေထောက်ခံကြမလဲ။
လူ့အခွင့်အရေးဆိုတာ
လူသားတိုင်းနဲ့သက်ဆိုင်တယ်
ဒါပေမဲ့
အဓမ္မ၀ါဒီတွေမပါဘူး
လူ့အခွင့်အရေးအတွက်
ဘက်နှစ်ဘက်လုံးကြည့်ဖို့လိုလိမ့်မယ်
တစ်ဖက်ကတိမ်းစောင်းနေမှ
တစ်ဖက်ကတည့်ဖို့ခက်လိမ့်မယ်။
ဗုဒ္ဓဂါယာမှာ
သာသနာကွယ်သွားခဲ့တာ
တရားမစစ်လို့မဟုတ်ဘူး
မတရားညစ်လို့ဖြစ်လိမ့်မယ်။
အမျိုးသမီးတွေလည်း
ကိုယ့်ကိုကိုယ်အယုံမလွန်သင့်
အယုံလွန်ခြေကျွံသူတွေကြောင့်
ဆွေစဉ်မျိုးဆက်အရှက်ရနိုင်တယ်။
အတွေ့ကိုမရှောင်နိုင်တဲ့
အမိုက်ဆုံးက ကာမဂုဏ်ဆို
သာယာမှုတဏှာကိုလည်း
လွယ်တယ်များမထင်နဲ့
မုတ်ဆိတ်မပါရုံနဲ့
ဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မယ်။
မုဒိန်းမှုတွေကလည်း
ဆန္ဒပြလောက်အောင်ပေါ
ဟိုတလောကလည်း
ကားပေါ်မှာခရာဆောင်တဲ့
တိုးတက်လာတဲ့မီဒီယာတွေကြောင့်လား
ခေတ်ရဲ့သားကောင်တွေမို့
ဘယ်သူကိုမှအပြစ်မတင်ချင်
ကိုယ့်အမျိုးကိုယ်မချစ်ရင်တော့
လူမျိုးခြားက၀ါးမြိုပြလိမ့်မယ်။
မြန်မာအမျိုးသားများ
မြန်မာအမျိုးသမီးများကို
စောင့်ရှောက်ပါ ဆိုတဲ့
ဆရာရန်နိုင်စိန်သီချင်းလို

တစ်မျိုးသားလုံးအရေးမို့
အကောင်းအဆိုးငြင်းမနေကြပါနဲ့
သူငယ်ချင်းတို့ရေ..
တို့အားလုံးမှာတာဝန်ရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့