
လစ်လပ်နေတဲ့ နေရာတွေကတော့ ပြည်သူ့လွှတ်တော်အမတ်နေရာ ၆ နေရာ၊ အမျိုးသားလွှတ်တော်နေရာ ၄ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အမတ် နေရာ ၅ နေရာတို့ပဲ ဖြစ်ပါတယ်။
၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လွတ်လပ်တရားမျှတစွာ ကျင်းပပေးနိုင်ရေးအတွက် အဓိကကျတဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေဖြစ်တဲ့ မဲစာရင်း ပြုစုတာ၊ မဲဆန္ဒရှင်များတွေကို အသိပညာပေးဖို့၊ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေကို လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် သင်တန်းတွေပေးဖို့ ကြိုတင်ပြင်ဆင်တာတွေကို နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနဲ့ ပြည်ထောင်စုဝန်ကြီးဌာန အချို့မှ ဌာနဆိုင်ရာများနဲ့ ညှိနှိုင်း၍ စတင်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အနည်းငယ်သာလစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေအတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ ဖြေကြားပါတယ်။
No comments:
Post a Comment