ဘရာဇီးနိုင်ငံတွင်းရှိ အစိုးရဆန့်ကျင် လှုပ်ရှားမှုတွေဟာ အခြားပြည်ပနိုင်ငံတွေ အထိ ကူးစက် ပျံ့နှံ့လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်နိုင်ငံတိုကျိုမြို့လယ်ရှိ ရင်ပြင်မှာ ဘရာဇီးလူမျိုး ၁၅၀ခန့် စုပေါင်းပြီး အစိုးရဆန့်ကျင် လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြလှုပ်ရှားမှုအတွင်း ပါဝင်သူအများစုဟာ ဂျပန်နိုင်ငံအခြေစိုက် ဘရာဇီးလူမျိုးတွေဖြစ်ပါတယ်။
၂၀၁၄ခုနှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ဘရာဇီး အစိုးရဟာ နိုင်ငံ့ဘဏ္ဍာငွေကို အလွန်အကျွံ အသုံးပြုနေတယ်လို့ ဆန္ဒပြသူတွေက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဆန္ဒပြလူအုပ်ကြီးဟာ ဘရာဇီးအလံအရောင် ဖြစ်တဲ့ အ၀ါရောင်နဲ့ အစိမ်းရောင် တီရှပ်အင်္ကျီတွေကို ၀တ်ဆင်ဆန္ဒပြခဲ့တာ ဖြစ်ပြီး အစိုးရအနေနဲ့ လူမှုဘ၀ဖူလုံရေး နဲ့ပညာရေး ကဏ္ဍတွေကို မြှင့်တင်ပေးပါဆိုတဲ့ လက်ကိုင် ပိုစတာတွေကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment