Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

စွမ်းအင် ကုန်းတွင်း လုပ်ကွက်များ အတွက် နောက်ဆုံး အဆိုပြုချက်များ သြဂုတ်လအတွင်း တင်ပြရမည်

  စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတကာ ကုမ္ပဏီများကို  စွမ်းအင် ကဏ္ဍမှာ ကုန်းတွင်း လုပ်ကွက်များ လုပ်ကိုင်ဖို့ အတွက် အဆိုပါပြုချက်များ ခေါ်ယူထားရာ
နိုင်ငံတကာ ကုမ္ပဏီ ၅၉ ဟာ ယခုအခါ အကြို အရည်အချင်းစစ် အောင်မြင် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကုမ္ပဏီ ၅၉ ဟာ မိမိကြိုက်နှစ်သက်တဲ့ လုပ်ကွက်များ အတွက် နောက်ဆုံး အဆိုပြုလွှာ များကို စွမ်းအင်ဝန်ကြီး ဌာနသို့ တင်ပြရမှာ ဖြစ်ပါတယ်။
 
အဲ့ဒီလို နိုင်ငံခြား ကုမ္ပဏီများဟာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကုန်းတွင်း လုပ်ကွက်များ လုပ်ကိုင်ဖို့ အတွက် နောက်ဆုံး အဆိုပြုလွှာ တင်ပြခြင်း ကိုတော့ သြဂုတ်လ ၂၃ ရက်နေ့ နောက်ဆုံး ထားပြီး စွမ်းအင် ၀န်ကြီးဌာန ပေးပို့တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်ပြလာတဲ့ နောက်ဆုံး အဆိုပြုချက် များကိုတော့ တင်ပြ လာတဲ့ အရေအတွက်ပေါ် မူတည်ပြီး အချိန် ၁ လခွဲ ခန့်ကြာ စိစစ်မှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ စွမ်းအင် ၀န်ကြီးဌာနမှ သိရပါတယ်။
 

ဒါ့အပြင် အခုလက်ရှိ မှာတော့ အကြို အရည်အချင်းစစ် အောင်မြင် ထားတဲ့ ကုမ္ပဏီ ၅၉ ခုကို ကုန်းတွင်း လုပ်ကွက် ၁၈ ကွက်နဲ့ စပ်လျဉ်းတဲ့ ဘူမိရူပဗေဒဆိုင်ရာ အချက်အလက်များ၊ ချုပ်ဆိုရမယ့် Terms and Conditions များကိုလည်း စွမ်းအင်ဝန်ကြီး ဌာနမှ ခေါ်ယူရှင်းပြခဲ့ပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့