Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

ဒီဂျစ်တယ် မီတာစနစ်ဖြင့် ပိုမိုတိကျတဲ့ ဓာတ်အားကောက်ခံမှုများရှိ

  ဒီဂျစ်တယ် မီတာဟာ ဆိုရင် ယခင်က အသုံးပြုလျက်ရှိတဲ့ Analog မီတာ စနစ်ထက်ပိုပြီး တိကျတဲ့ ဓါတ်အား အသုံးပြုမှု အလိုက် မီတာ လည်တာ
ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခင်က အသုံးပြုခဲ့တဲ့ Analog မီတာတွေမှာ ဆိုရင်တော့ Energy Saving မီးသီးမျိုး တပ်ဆင်ထားပါက လျှပ်စစ်မီးလင်း နေပေမယ့် မီတာ လည်ပတ်မှု မရှိတာကြောင့် ဓါတ်အား ဆုံးရှုံးမှုတွေ ဖြစ်လျက် ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် သတ်မှတ် ထားတဲ့ နေရာ ကျော်လွန်ပြီး ကြိုးရှည် သွယ်တန်းပြီး ဓါတ်အား သုံးစွဲမှုရှိသူတွေ အနေနဲ့လည်း ကြိုးအရှည် အလိုက် ဓါတ်အားခကို အဆိုပါ Digital မီတာစနစ်က ကောက်ယူမှု များရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဓါတ်အား ဆုံးရှုံးမှုများတဲ့ တောင်ပိုင်းခရိုင်မှာ ဒီဂျစ်တယ် မီတာတွေကို ဦးစားပေး အခမဲ့ တပ်ဆင် ပေးခဲ့ပြီး လက်ရှိမှာတော့ ဓာတ်အားခ တစ်ယူနစ်ကို အိမ်သုံး ၃၅ ကျပ်နဲ့ လုပ်ငန်းသုံး ၇၅ ကျပ်သာ ကောက်ခံ လျက်ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့