Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှုကို ယာဉ်ပိုင်ရှင်များ စိတ်ဝင်စားမှု များပြားလာ

  မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယာဉ်ပိုင်ရှင် များဟာ မြန်မာ့ အာမခံ လုပ်ငန်းမှာ အလုံးစုံ မော်တော်ယာဉ် အာမခံ
ထားရှိဖို့ အတွက် ပိုမိုစိတ်ဝင်စား လာကြတယ်လို့ သိရပါတယ်။ ဒီလို အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိဖို့ စိတ်ဝင်စား လာတဲ့ အထဲမှာ High Way Express ကားပိုင်ရှင် တွေဟာ ပိုမိုစိတ်ဝင်စား လာတာ ဖြစ်သလို အာမခံ ထားရှိမှု ဟာလည်း ပိုမိုများပြား လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ကိုယ်ပိုင်ကားတွေ ကတော့ High Way Express ကားတွေထက် စာရင် အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှု နည်းနေသေးပေမယ့် လာရောက် စုံစမ်းမှု တွေတော့ များပြား လာတယ်လို့ သိရပါတယ်။ အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှုဟာ မိမိသဘော ဆန္ဒအလျောက် ထားရှိနိုင်တဲ့ အာမခံဖြစ်ပြီး အာမခံ ထားရှိတဲ့ မော်တော်ယာဉ် ထိခိုက်မှုဖြစ်ပွားပါက ယာဉ်အပါအ၀င် ယာဉ်ပေါ်ပါ သူများရဲ့ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနဲ့ ပစ္စည်းဆုံးရှုံးမှုများ အတွက် နစ်နာကြေး ရရှိနိုင်တာဖြစ်ပါတယ်။ ယခုလို အာမခံထားရှိ ထားတဲ့ မော်တော်ယာဉ် ထိခိုက် ပျက်စီးမှုဖြစ်ပွားပါက မိမိတို့ အာမခံ ထားရှိထားတဲ့ အာမခံ ကုမ္ပဏီကို ချက်ချင်း အကြောင်းကြား ရမှာဖြစ်ပြီး ၁ လအတွင်း လျော်ကြေး တောင်းခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့