Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

ပါကစ္စတန်တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့

ပါကစ္စတန်နိုင်ငံ  Chilas  မြို့၊ Nanga Parbat တောင်ခြေစခန်း တစ်ခုမှာ ပြီးခဲ့တဲ့ စနေနေ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု
ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၁၀ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေအနက် တရုတ်၊ ယူကရိန်းနဲ့ ပါကစ္စတန် လူမျိုးတွေ ပါဝင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စလာမစ် အကြမ်းဖက်အဖွဲ့တွေက ၎င်းတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။


တိုက်ခိုက်ခံရသူတွေထဲမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အများဆုံး ပါဝင်ပြီး ပါကစ္စတန်အခြေစိုက် ဂျပန်သံရုံးကလည်း တိုက်ခိုက်ခံရသူထဲမှာ ဂျပန်လူမျိုးတွေ ပါဝင်ခြင်းရှိ၊ မရှိစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သေဆုံးခဲ့သူတွေအတွက် ၀မ်းနည်းစကား ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဒေသတွင်းလုံခြုံရေး ညံ့ဖျင်းမှုများကြောင့် မကြာသေးမီနှစ်များကစပြီး နိုင်ငံတွင်း ခရီးသွားဧည့်သည် ၀င်ရောက်မှု လျော့ကျ သွားခဲ့တယ်လို့လည်း သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့