Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

Export-Import Bank of India ၏ ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ရန် လိုင်စင်ရရှိခဲ့

  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ Export-Import Bank of India ရဲ့ ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်နိုင်ဖို့ လိုင်စင် ထုတ်ပေး လိုက်ပြီ ဖြစ်တယ်လို့
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သတင်းများ အရ သိရပါတယ်။ ဒီလို လိုင်စင် ထုတ်ပေးမှု ကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၄ ရက်နေ့ထိ စာရင်းများ အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲများ အနေနဲ့ ဖွင့်လှစ် ခွင့်ပြု ထားတဲ့ နိုင်ငံခြား ဘဏ်နဲ့ ငွေရေးကြေးရေး ကုမ္ပဏီ စာရင်းမှာ ၃၄ ခု ရှိတယ်လို့ သိရပါတယ်။
 
အဲ့ဒီလို ဘဏ်ခွဲ လာဖွင့်တဲ့ ကုမ္ပဏီများ ကတော့ ကိုရီးယား၊ အိန်္ဒိယ၊ ထိုင်း အစရှိတဲ့ နိုင်ငံများမှ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၄ နှစ် ၁၅ နှစ်အတွင်းမှာ အိန်္ဒိယ ဘဏ်ခွဲများ လာရောက် ဖွင့်လှစ်ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ပိတ်ခဲ့ရ ပါတယ်။ ဘဏ်လုပ်ငန်းဟာ နိုင်ငံ့စီးပွားရေးရဲ့ ကျောရိုး ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ကိုလည်း မြှင့်တင် ပေးနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့