Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

ဖမ်းဆီးရမိ ထားသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င် ကူးသန်း ရောင်းဝယ်မှုကို တိုက်ဖျက်ရေးနေ့ အခမ်းအနား အဖြစ် ဖမ်းဆီးရမိ ထားတဲ့
မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုကို ယနေ့ နံနက်ပိုင်းက လှော်ကားရှိ ရဲတပ်ရင်း အမှတ် ၁ မှာ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေကို ယနေ့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အစရှိတဲ့ နေရာတွေမှာ မီးရှို့ ဖျက်ဆီးမှုများ ဆောင်ရွက် ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၁၆ ကြိမ်မြောက် အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဒီနေ့ အခမ်းအနား ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မူးယစ်ဗဟိုမှ တာဝန်ရှိသူများနဲ့ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ မူးယစ်ဆေးဝါး အမျိုးအစားပေါင်း ၁၅ မျိုးကို မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း တန်ကြေး အားဖြင့် ငွေကျပ် သန်းပေါင်း လေးထောင့် လေးရာခုနစ်သန်းကျော် ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ယနေ့မှာ ကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င် ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား အဖြစ် သက်ဆိုင်ရာ ဌာနဆိုင်ရာ အချို့မှာလည်း ဟောပြောပွဲများ ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့