Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာ

တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလားရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးရွားလာလျက်ရှိတယ်လို့
သိရပါတယ်။ တောင်အာဖရိက သမ္မတရုံးရဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ သမ္မတဟောင်း နယ်ဆင်မန်ဒဲလားဟာ အဆုတ်ရောင် ဝေဒနာကြောင့် ဆေးကု သမှုခံယူနေရပြီး ရောဂါအခြေအနေဟာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်းမှာပဲ ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရပါတယ်။

အသက် ၉၄နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ သမ္မတဟောင်း မန်ဒဲလားဟာ အဆုတ် ဝေဒနာကြောင့် ပြီးခဲ့တဲ့နှစ်ကလည်း ဆေးရုံမှာ ဆေးကုသမှုတွေ မကြာခဏခံယူနေခဲ့ရတာ ဖြစ်ပါတယ်။ ယခုလ ၈ရက်နေ့မှ စတင်ပြီး  Pretoria မြို့ရှိ ဆေးရုံ မှာ ဆေးကုသမှုတွေ ပြန်လည် ခံယူနေရတဲ့ သမ္မတဟောင်း မန်ဒဲလားရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိလာနေကြောင်း သိရပါတယ်။ သမ္မတဟောင်း မန်ဒဲလားဟာ လူမျိုးရေး ခွဲခြားမှုပပျောက်ရေး လုပ်ငန်းတွေမှာ ဦးဆောင်ပါဝင် လှုပ်ရှားခဲ့သူဖြစ်ပြီး ၁၉၉၃ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့သူဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်လာခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းက ချစ်ခင်လေးစား ရတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့