
အဆိုပါ မှတ်တမ်းများတွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်း ပပြုလုပ်မည့် အကြိုညက ညောင်ကုန်းမဲရုံကိုယ်စားလှယ်ဖြစ်သူ ကိုဖိုးကျော်(ခ) ကိုအောင်ကျော်ထွန်း ဆိုသူနှင့် တစ်ရွာတည်းနေ ကိုဝင်းမင်းသန်း(သေးဆုံးသူ)တို့ ဖြစ်ပွားခဲ့သော လူသတ်မှုအား မုံရွာခရိုင် တရားရုံးမှ ပြစ်မှုကြီး ဆိုင်ရာအမှုအမှတ် ၁၆/ ၂၀၁၂ အရ ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၂၇ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေရန် စီရင်ချက်အမိန့် ချမှတ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
“ ရွေးကောက်ပွဲပြုလုပ်မဲ့ အကြိုညမှာ ဗီဒီယိုဇာတ်ကားပြဿရာကနေ ဖြစ်ပွဲခဲ့ လူသတ်မှုဖြစ်ပါတယ်..” ဟု တရားရုံး အမိန့်ချမှတ်ရာတွင် လုံခြုံရေးလိုက်ပါသူ အကြီးတန်းရဲအရာရှိတစ်ဦးမှ ပြောပြ သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် တရားရုံး၏ စီရင်ချက် အမိန့်အပေါ် ပြစ်ဒဏ်ကျခံရသူ ကိုဖိုးကျော်(ခ) ကိုအောင်ကျော်ထွန်းမှ ဆက်လက်၍ အယူခံဝင် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရသည်။
No comments:
Post a Comment