
နယ်စပ်ဒေသရှိ ကုန်သွယ်ရေး စခန်းများမှ လုပ်ငန်းသုံး ယာဉ်များ၊ လိုက်ထရပ်များ၊ ထရပ်ကားများ တင်သွင်းခြင်းကိုမူ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ ဥပဒေ စည်းမျဉ်းများနှင့်အညီ တင်သွင်းနိုင်ကြောင်း ၎င်းက ဆက်လက ပြောကြားခဲ့သည်။
ထို့အပြင် နယ်စပ်ဒေသများမှ လိုင်စင်မဲ့ယာဉ်များ တင်သွင်းခြင်းကိုလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ပြည်သူ့ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်များဖြင့် စစ်ဆေး အရေးယူသွားမည့်အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုတည်း အတွင်း၌သာ စီးနင်းနိုင်သည့် မော်တော်ယာဉ် လိုင်စင်များ လည်း ပြုလုပ်ပေးရန် အစီအစဉ်မရှိကြောင်း ဦးချန်မောင်က ဆက်လက်ဖြေ ကြားခဲ့သည်။
ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လိုင်စင်မဲ့ယာဉ်များ အသုံးပြုခြင်းကို တားဆီးရန် အစီအစဉ်ရှိ မရှိ နယ်စပ်ဒေသများမှ တစ်ဆင့် မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရန် အစီအစဉ်ရှိ မရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတည်း အတွင်း ၌သာ စီးနင်းနိုင်သည့် မော်တော်ယာဉ် လိုင်စင်များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိ စသည့် မေးခွန်းများကို ဦးချန်မောင်က ယခုကဲ့သို့ ပြန်လည် ဖြေကြား ခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်များကို နယ်စပ်ဒေသမှ တင်သွင်းခွင့်ပြုပါက သယ်ယူစရိတ် သက်သာသော်လည်း အချို့သော လုပ်ငန်းရှင်များက လိုင်စင်မဲ့ မော်တော် ယာဉ်များ ပိုမို တင်သွင်းလာနိုင်ပြီး နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများမှ တစ်ပတ်ရစ် မော်တော်ယာဉ်များမှာလည်း အရည်အသွေး မကောင်းကြောင်း မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင် ဦးမင်းမင်းထွန်းက ဆိုသည်။
"ထိုင်းက ကားဆိုရင်တောင် ကားတော်တော်များများက အခိုင်းနာတယ်။ ဂျပန်က ကားနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ထိုင်းမှာရှိတဲ့ ကားသစ်ရောင်းတဲ့ Show Room တွေက ဝယ်ရင်တော့ တစ်မျိုးပေါ့ဗျာ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မော်တော်ယာဉ် အိုဟောင်းအပ်နှံခွင့် စတင်ခွင့်ပြုသည့် ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၁၁ ရက်မှ ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက်အထိ မော်တော်ယာဉ် အိုဟောင်း တစ်သိန်းနီးပါး (၉၉,၁၉၆ စီး) အပ်နှံခွင့်ပြုခဲ့ပြီး မော်တော်ယာဉ် အစီးရေ ကိုးသောင်းခန့်ကို ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးပြီးဖြစ်ကြောင်း ဦးချန်မောင်က ပြောကြားသည်။
No comments:
Post a Comment