Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

ရန်ကုန်-ဒလမြစ်ကူး တံတားအား ဒေါ်လာ သန်းပေါင်း ၁၅၀ ကျော် ကုန်ကျခံ ဆောက်လုပ်သွားမည်

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်မြစ်ကို ဖြတ်ကာ ရန်ကုန်-ဒလ ဆက်သွယ်
ထားတဲ့ မြစ်ကူးတံတား တစ်စင်း တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဆိုပါ တံတား ဆောက်လုပ်မှုကို ခန့်မှန်းခြေ တန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၀ ကျော် ကုန်ကျခံ ဆောက်လုပ်မှာ ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံမှ တံတား ဆောက်လုပ်ဖို့ အဆိုပြု ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တောင်ကိုရီးယား နိုင်ငံမှ တံတား ဆောက်ဖို့ အဆိုပြု ထားတဲ့ တံတားများမှာ ဆူးလေ-ဒလ တံတား၊ ပြည်လမ်း-ဒလ (ဗိုလ်မင်းရောင်လမ်းတံတား)၊ ဗိုလ်တထောင်လမ်းမှ ဒလ(ကနောင်လမ်းတံတား) အစရှိတဲ့ စုစုပေါင်း သုံးစင်း အနက် တစ်စင်းကို မြန်မာ- ကိုရီးယား ချစ်ကြည်ရေး တံတား အဖြစ် တည်ဆောက် သွားမှာ ဖြစ်ပါတယ်။


ဒီလို တံတား ဆောက်လုပ်မယ့် ရန်ကုန်မြို့နဲ့ ဒလ ဆိပ်ကမ်းရဲ့ မြေနေရာကို တိုင်းတာမှုများ ပြုလုပ် လျက်ရှိပြီး အဆိုပါ စီမံကိန်း အောင်မြင်ပါက ဒလမြို့ဟာ ပိုမိုဖွံ့ဖြိုး တိုးတက် လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒလမြို့မှ ရန်ကုန်ဘက်သို့ နေ့စဉ်ပြည်သူ သောင်းဂဏန်း ၀န်းကျင်ခန့်ဟာ ကူးတို့ သင်္ဘောနဲ့ ကူးသန်း သွားလာ နေတာ ဖြစ်လို့ တံတားထိုးပြီးပါက အန္တရာယ်မရှိ လွယ်ကူစွာ သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့