Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးမှု နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိ

၂၀၁၃ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများရဲ့ အမှတ်စာရင်းများ ထုတ်ယူမှုကို ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ
စာစစ် ဦးစီးဌာနမှ ယခု ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ  နေ့ချင်းပြီး ထုတ်ပေး နိုင်အောင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှာ ယခင်က အမှတ်စာရင်း ထုတ်ပေးမှုတွေကို တစ်ပတ် ကြာမှသာ ထုတ်ပေးတာ ဖြစ်ပေမယ့်  ယခုအခါ မှာတော့ နေ့ချင်းပြီး ထုတ်ပေးနိုင်အောင် စီစဉ် ဆောင်ရွက်ပေး နေတာ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ အမှတ် စာရင်းများ ထုတ်ယူ နိုင်မယ့် နေရာတွေ ကတော့ နေပြည်တော်မှာ ဇမ္ဗူသီရိ မြို့နယ်ရှိ ရုံးအမှတ် ၅၂ ၊မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနနဲ့ ရန်ကုန်မြို့ရှိ  လှိုင်တက္ကသိုလ် နယ်မြေ ဇွဲကပင်ဆောင် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန ရုံးခွဲ များမှာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်စာရင်း ထုတ်ယူမယ့် ကျောင်းသား ကျောင်းသူ တွေဟာ ကျောင်းသူ၊ ကျောင်းသား အမည်၊ ခုံအမှတ်၊ မိဘအမည်၊ စာစစ်ဌာန တို့ကို မှတ်သား ယူဆောင် လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ တက္ကသိုလ်ဝင် စာမေးပွဲအောင် အမှတ် စာရင်းများကို ထုတ်ပေးရာမှာ တံဆိပ်ခေါင်း တန်ဖိုးငွေ ၂၀၀ ကျပ်၊ အမှတ်စာရင်း တောင်းတဲ့ စာရွက်ပုံစံနဲ့ စာအုပ်ဖိုး အတွက် ငွေကျပ် ၂၀၀၊ စုစုပေါင်း ငွေကျပ် ၄၀၀ ကိုသာ ပေးသွင်းပြီး အမှတ်စာရင်း များကို နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ လာရောက် လာရောက် ထုတ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ယခုဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ နေပြည်တော်နဲ့ ရန်ကုန်တို့မှာ အမှတ်စာရင်း လာရောက် ထုတ်ယူသူ စုစုပေါင်း လေးသောင်းကျော် ရှိသွားပြီ ဖြစ်တယ် လို့လည်း  သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့