ယနေ့ မနက်ပိုင်းက နေပြည်တော်တွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးကြောင့် ဘာသာ ပေါင်းစုံအကြား နားလည်မှု တည်ဆောက်နေသည့် လုပ်ငန်းစဉ်များကို အနှောင့်အယှက် ဖြစ်စေနိုင်သည့်အပြင်၊ မလိုလား အပ်သော ဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ဒီဆောင်းပါးပါတဲ့ စာစောင်ကို ဖြန့်ချိလိုက်ရင် ပိုပြီး တင်းမာမှုတွေ ဖြစ်သွားနိုင်တယ်။ လှုံ့ဆော်ရာ ရောက်တဲ့ အတွက် ဒါနဲ့ပတ်သက်လို့ စဉ်းစားဆောင်ရွက် ပေးပါဆိုပြီး အရေးပေါ်ကာလ စီမံခန့်ခွဲမှုကို မေတ္တာရပ်ခံ ထားတယ်။ ကော်မတီက ဒီညနေမှာ အစည်းအဝေး ထိုင်နေတယ်ဆိုတာ သိရတယ်။ သူတို့ လုပ်ဆောင်မယ့် လုပ်ဆောင်ချက်ကို ကျနော်တို့ မသိသေးဘူး။ ဆောင်းပါးရှင်နဲ့ ပတ်သက်လို့ အရေးယူဖို့ တင်ပြထားတာမျိုး လောလော ဆယ်မရှိပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဆိုသည်မှာ ၂၀၁၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ တားဆီး ထိန်းသိမ်းနိုင်ရေး အတွက် ဖွဲ့စည်း ထားသော အဖွဲ့အစည်း ဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ ၀န်ကြီးနှင့် ဒုဝန်ကြီး ၁၀ ဦးက အဖွဲ့ဝင် အဖြစ် ပါဝင်သည်။
ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်မှာလည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ၏ အဖွဲ့ဝင် တဦးဖြစ်သည်။
အစိုးရက တိုင်း မဂ္ဂဇင်းအပေါ် အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေချိန် မြန်မာနိုင်ငံတွင်းသို့ တိုင်း မဂ္ဂဇင်းကို တဦးတည်း ကိုယ်စားလှယ် တင်သွင်းနေသော အင်းဝ စာပေတိုက်၏ မန်နေဂျာ ဦးမောင်မောင်လွင်က ယခု ဇူလိုင်လထုတ် တိုင်း မဂ္ဂဇင်းကို မဖြန့်ချိတော့ရန် ဆုံးဖြတ် လိုက်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ခြင်းမှာ တစုံတဦး၏ ဖိအားပေးမှု မပါဘဲ အင်းဝ စာပေတိုက်မှ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက် အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီဇူလိုင်လထုတ် တိုင်း မဂ္ဂဇင်းကို ဖြန့်ချိခြင်း မပြုပါဘူးဆိုပြီး ကြေညာထားတယ်။ ကျနော်တို့ ဖြန့်နေတာက စောင်ရေ ၆၀၀ ကျော် ရှိပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က လပေး ယူထားတဲ့သူတွေပါ။ ကျနော်တို့ အသိစိတ်ဓာတ်နဲ့ ကျနော်တို့ဘာသာ ကျနော်တို့ လုပ်တာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီမဂ္ဂဇင်းကို ဖြန့်ချိဖို့ မသင့်တော်ဘူးလို့ ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်ပြီးတော့ မဖြန့်ချိတာပါ။ ဘယ်သူ့ဖိအား၊ ဘာပြဿနာမှ မရှိပါဘူး။ ကျနော်တို့က တဦးတည်း ကိုယ်စားလှယ် အနေနဲ့ သွင်းနေတာပါ။ ကျနော်တို့ တာဝန်ယူတဲ့ အပိုင်းက မဖြန့်ချိဘူး။ အရင်တုန်းက စာပေစိစစ်ရေး ရှိတယ်။ စာပေစိစစ်ရေးက တာဝန်ယူ ပြီးတော့ မဖြန့်ရပါဘူး ဆိုရင် ကျနော်တို့မှာ ပြဿနာမရှိဘူး။ စာပေစိစစ်ရေးက ပိတ်လိုက်တယ်လို့ ပြောလိုက်ရင် ပြဿနာ မရှိဘူး။ အခုက ကိုယ့်တာဝန် ကိုယ်ယူရတာ ဆိုတော့လေ ကျနော်တို့ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါကို ဖြန့်ဖို့ မသင့်ဘူးဆိုပြီး မဖြန့်တာပါ” ဟု ဦးမောင်မောင်လွင်က ဆိုသည်။
တိုင်း မဂ္ဂဇင်းအပေါ် ဝေဖန်မှုများမှာ စာနယ်ဇင်း အသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူများအကြား ပျံ့နှံ့လျှက် ရှိပြီး ယခုရက်ပိုင်း ထွက်ရှိသော စာနယ်ဇင်း အများစုတွင် တိုင်းမဂ္ဂဇင်း၏ ဆောင်းပါးကို ဝေဖန်ချက် အမျိုးမျိုးဖြင့် တင်ဆက် နေသည်ကို တွေ့ရသည်။
ယနေ့ နေပြည်တော်တွင် ပြန်လည်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ အရေးယူ ဆောင်ရွက်နိုင်သော ဥပဒေ တရပ် ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက မေးမြန်းခဲ့ရာ ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက အစိုးရအနေဖြင့် လက်ရှိ ဥပဒေများ လုံလောက်ပြီ ဖြစ်သောကြောင့် သီးခြားဥပဒေ ထပ်မံ ပြဋ္ဌာန်းရန် မရှိဟု ဖြေဆိုသွားသည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 26 June 2013
တိုင်း မဂ္ဂဇင်းကို အရေးယူရန် အရေးပေါ် စီမံခန့်ခွဲရေးကော်မတီ စီစဉ်နေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
June
(427)
- အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ ကဲ...
- အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မ...
- ဂေါတမမြတ်စွာဘုရားအလောင်းတော် သောဘိတမြတ်စွာဘုရားရှင...
- "ငါနင့်ကို အရမ်းချစ်တယ်"
- 'မထားခဲ့ပါနဲ့'
- မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူ'
- Coppy ကူးတာကိုသာမာန်ထက်အဆပေါင်းများစွာမြန်စေမဲ့(Ex...
- အရေးကြီး Folder လေးတစ်ခု ဘယ်သူမှမသိအောင်ဖွက်ကြရအောင်'
- မျိုးစောင့်ဥပဒေအပေါ် နိုင်ငံရေးပါတီတွေ့ရဲ့အမြင်
- ဒဂုံမြို့သစ်မှာ တောင်သူ ၃ဝဝ ကျော် ဆန္ဒပြ (ရုပ်/သံ)
- ဒဂုံမြို့သစ်မှာ တောင်သူ ၃ဝဝ ကျော် ဆန္ဒပြ
- ဇွန်လ (၂၈)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
- ဇွန်လ (၂၈)ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၄၇
- စည်ပင်သက်တမ်းတိုးမပေး၍ ရေခဲကမ္ဘာပိတ်မည်
- နှစ်နိုင်ငံသဘောတူညီချက်အရ စေလွှတ်ထားသည့် အလုပ်သမာ...
- လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှု...
- မြေပိုင်ဆိုင်မှုအတုဖြင့် ဂျပန်နိုင်ငံသားထံမှ လိမ်လည...
- တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို
- မိုးသည်း မှိုင်းထမှုကြောင့် ကားမှောက် ၊ ဒရိုင်ဗာ နှ...
- မွေးကင်းစ ကလေးငယ်အလောင်းအား စွန့်ပစ်ထားသည်ကို တွေ့ရှိ
- အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး ...
- ဇွန်လ (၂၉)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင...
- တပ်ကုန်းရေမရသဖြင့် ထွေအုပ်ဝန်ထမ်းအား တပ်ရင်းမှူးရု...
- တပ်သိမ်းလယ်မြေအားလုံး ဇူလိုင် ပြန်ပေးမည်
- ထိုင်းဘုရင် သင်္ချိုင်းတော်ရှေ့ လုပ်ငန်းစဉ်များနှင့...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇွန်လ (၂၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ကလေးအလုပ်သမားကိစ္စဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲ
- လွှတ်တော်နဲ့ အစိုးရကြား ကောလဟာလတွေ ကို ဂရုမစိုက်ဖို...
- ကလေးနဲ့တမူးခရိုင်တွေမှာ အရာရှိသစ်တွေနဲ့ အစားထိုး...
- မိုဘိုင်းဖုန်း မြန်မြန် သုံးနိုင်အောင် လုပ်မယ်လို့...
- အလုံးစုံ မော်တော်ယာဉ် အာမခံ ထားရှိမှုကို ယာဉ်ပိုင်ရ...
- တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမေရိကန် ဒေါ်လာ ၇၆.၇...
- ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင် ၂ ခု ...
- စွမ်းအင် ကုန်းတွင်း လုပ်ကွက်များ အတွက် နောက်ဆုံး အ...
- တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးမှု...
- ဇွန်လ (၃၀)ရက်နေ့ ထုတ် Reporter News Journal Issue...
- တရုတ်နိုင်ငံ လူမျိုးရေးအဓိကရုဏ်း ၃၅ ယောက်သေ
- ပုလဲလူသတ်မှု ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်
- တစ်ဦးတည်းပိုင် ကုန်သွယ်ခွင့်ကဒ် သက်တမ်း ကျော်လွန်ပ...
- IT နည်းပညာများ တိုးတက်စေရန် Technoprenership ပြိုင...
- ၆ ဘာသာဂုဏ်ထူးရှင်၂ ဦး အပါအ၀င် ၂၂ ဦး ထူးခြားစွာ အော...
- ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီ နှစ်ခု အကြောင်း
- အမေရိကန် မြန်မာပူးပေါင်းကူညီမှု သဘောတူလက်မှတ်ထိုး
- တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်
- ဖမ်းဆီးခံ လယ်သမား ၃၆ ဦး အာမခံရရှိ
- နိုင်ငံရေးပါတီများ သင်ထောက်ကူပစ္စည်းများ လှူဒါန်းလု...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် EURO SPORTS ဂျာနယ် အတွဲ(၄) အ...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် Auto World ဂျာနယ် အတွဲ(၂) အမ...
- မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကန့်ကွက်တဲ့အမတ် ၂ဝ၁...
- တပ်သိမ်းမြေအရေး လျော်ကြေးပေးရန် မိကျောင်းကန်ပြည်သူ...
- တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန...
- အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းမှု ရည်ရွယ်ချ...
- မလေးထိန်းသိမ်းရေးစခန်းက မြန်မာ ၂၀၀ ကို လေယာဉ်စင်းလ...
- ဇွန်လ (၂၇)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(...
- အပြန်စရိတ်မရှိသည့် အလုပ်သမားများကို လေယာဉ် အခမဲ့စီ...
- စဥ့်ကူးတွင် ကောလာဟလကြောင့် အစ္စလာမ်ဘာသာဝင်အချို့ တိ...
- ဆက်သွယ်ရေး တင်ဒါ Telenor (နော်ဝေ) နှင့် QTel (Oore...
- ရွှေဆိုင်ချင်း စကားများ ကြားလူအုပ် ဝင်လု
- အသိမ်းခံရသောမြေတွင် ပြန်ထွန်ယက်သည့် နောင်ချို တောင...
- ကလေးမြို့သာဓကနှင့် အကျင့်ပျက် ခြစားမှု ပြဿနာ ဘယ်လို...
- ဆက်သွယ်ရေး ၀န်ကြီး ဦးမြတ်ဟိန်း မီဒီယာတွေနဲ့ တွေ့ ဆ...
- တင်ဒါကိစ္စ ၀န်ကြီး ဦးမြတ်ဟိန်း လွှတ်တော်မှာ ရှင်းလင်...
- တင်ဒါအောင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ အသစ်ထွက်လာမယ့်...
- ရန်ကုန်မြစ်ဖြတ် ဒလတံတား တောင်ကိုရီးယား ဆောက်ပေးမည်...
- တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု လေးပုံတစ်ပုံ ကျဆင်း
- ဇိမ်ခံကားများ နယ်စပ်မှ တင်သွင်းခွင့်ပြုရန် အစီအစဉ်...
- ဇွန်လ (၂၆)ရက်နေ့ ထုတ် 7 Days News Vol 12 No 16
- ဆက်သွယ်ရေးတင်ဒါကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်...
- ရွေးချယ်ပြီးဖြစ်သည့် ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုအမ...
- ဇွန်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဇွန်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ရင်းနှီးမြှုပ်နှံမှု ခွင...
- အနာဂတ်မရေရာသည့် မြန်မာ့ခရီးသွားလုပ်ငန်း
- ဒေါ်အောင်ဆန်းစုကြည် သမ္မတ ယှဉ်ပြိုင်ခွင့်မရှိပါက၂၀၁၅...
- ပြည်ခိုင်ဖြိုး ဝန်ကြီးတွေ ဗဟိုကော်မီတီကနေ နုတ်ထွက်
- ကမ်းလွန် လုပ်ကွက်များ လုပ်ကိုင်ရန် အတွက် နိုင်ငံတက...
- ဆေးလိပ်၊ ဆေးရွက်ကြီး ကြော်ငြာခြင်းနှင့် သောက်သုံြး...
- ဖမ်းဆီးရမိ ထားသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်...
- ပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား သက်ဆိုင်ရာ ၀န်ကြီးဌာနမ...
- တိုင်းဒေသကြီး အလိုက် အနည်းဆုံး လုပ်ခလစာ သတ်မှတ် သွ...
- မြန်မာအမျိုးသမီးများနေ့ ၀တ်စား ဆင်ယင်ထုံးဖွဲ့မှုပြပ...
- Export-Import Bank of India ၏ ကိုယ်စားလှယ် ရုံးခွဲ...
- ရန်ကုန်-ဒလမြစ်ကူး တံတားအား ဒေါ်လာ သန်းပေါင်း ၁၅၀ ကေ...
- ဒီဂျစ်တယ် မီတာစနစ်ဖြင့် ပိုမိုတိကျတဲ့ ဓာတ်အားကောက်...
- မြောက်ဦးယဉ်ကျေးမှုကို မထိန်းသိမ်းက ကမ္ဘာ့အမွေအနှစ်စာ...
- ဇွန်လ (၂၉)ရက်နေ့ ထုတ် Netguide ဂျာနယ် အတွဲ ၂၊ အမှတ...
- ဇွန်လ (၂၈)ရက်နေ့ ထုတ် The Hot News Weekly ဂျာနယ် အ...
- မြန်မာနိုင်ငံမှာ ကလေးစစ်သား ဆက်ရှိနေဆဲ
- လက်ကိုင်ဖုန်း လုပ်ငန်း လွှတ်တော် တားမြစ်
- ဆက်သွယ်ရေး ဥပဒေ နှင့် ရင်းနှီးမြုပ်နှံမှု (ရုပ်/သံ)
- မန္တလေးတောင်က ဈေးသည်တွေနဲ့ ဂေါပက ပဋိပက္ခ(ရုပ်/သံ)
- ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ပိုများလာ
- မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံ မြေသိမ်းခံ လယ်သမား ၁၀၀ ကျေ...
- တိုင်းမ်မဂ္ဂဇင်း ရေးသားချက် RNDP ပါတီ ကန့်ကွက်ရှုတ်ချ
- လက်ထပ်ထိမ်းများခြင်း ဥပဒေ ပြင်ဆင်ရေးဆွဲဖို့ NDFပါတ...
- စိတ်ကြွဆေးပြားသုံးစွဲ၍ မိဘအိမ်ကို မီးရှို့ ဖျက်ဆီြး...
- ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ရင်းနှီးမြှုပ်နှံမှု ခွင...
- ပင်စင်လာထုတ်သည့်အဘိုးအို ဘဏ်ရှေ့ လဲကျသေဆုံး
- ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချေ...
-
▼
June
(427)
No comments:
Post a Comment