Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

တရုတ်ခွေးသားစားပွဲတော်အား တားမြစ်

တရုတ်နိုင်ငံရဲ့ နှစ်စဉ်ကျင်းပနေကြ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ခွေးသားစားပွဲတော်နဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့်
ယခုအခါမှာတော့ အဆိုပါပွဲတော်ကို ကျင်းပဖို့ တားမြစ်လိုက်ပြီလို့ သိရပါတယ်။  ပွဲတော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ကစပြီး နှစ်စဉ် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ခွေးသားစားပွဲတော်ကို Zhejians ပြည်နယ် Qianxi  မြို့မှာ နှစ်စဉ် အောက်တိုဘာလမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

အဆိုပါပွဲတော်ဟာ  Ming မင်းဆက်လက်ထက်က စစ်ပွဲအောင်မြင်မှု အမှတ်အသားဖြစ်ပြီး ခွေးဟောင်သံကြောင့် ရန်သူတွေကို တပ်လှန့်နှိုးဆော်မှုတွေ မဖြစ်စေဖို့အတွက် သတ်ဖြတ် စားသောက်ရာမှ နောက်ပိုင်း မှာတော့ ရိုးရာဓလေ့ပွဲေ တာ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ ခွေးသားကိုတရုတ် နိုင်ငံတွင်းရှိ ရိုးရာပွဲတော်တွေနဲ့ ဘာသာရေး ပွဲတော်တွေမှာ  အထူးဟင်းလျာ တစ်ခုအနေနဲ့ စားသုံး လေ့ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတွင်းရှိ ရိုးရာပွဲတော်အချို့ဟာ ၁၉၈၀ခုနှစ်ကစတင်ပြီး ပြောင်းလဲမှုတွေရှိခဲ့ပေမယ့် ခွေးသားစားတဲ့ အမူအကျင့်ကတော့ ဓလေ့ရိုးရာ တစ်ခုအနေနဲ့ ဆက်လက် တည်ရှိနေကြောင်း သတင်းမီဒီယာတစ်ခုရဲ့ ပြောကြားချက်အရ သိရပါ တယ်။ တရုတ်နိုင်ငံအတွင်းရှိ အင်တာနက် အသုံးပြုသူထောင်ပေါင်းများစွာဟာ လူမှုကွန်ယက်ဝက်ဆိုဒ်တွေမှာ အဆိုပါဓလေ့ကို ဝေဖန်ရှုံ့ချခဲ့ပြီး  Qianxi ပြည်နယ်အစိုးရကို ကြားဝင် ဖြေရှင်းမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့