Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

ကိုလံဘီယာနိုင်ငံတွင် မိုင်းတွင်းပြိုကျမှုဖြစ်ပွားခဲ့

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း Antioquai ဒေသမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေတွင်း ပြိုကျမှု ဖြစ်ပွားခဲ့တဲ့အတွက်
မိုင်းလုပ်သား ၅ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယခုပြိုကျခဲ့တဲ့ မိုင်းတွင်းဟာ တရားမ၀င် မိုင်းတွင်းတစ်တွင်းဖြစ်ပြီး ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေကိုတော့ ကယ်ဆယ်ဖို့ ကြိုးပမ်းလျက် ရှိတယ်လို့အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မိုင်းပြိုကျမှုဟာ Zaragoza မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ မိုင်းလုပ်သားတွေကို ဒေသခံဆေးရုံတွေမှာ တင်ပို့ပြီး ဆေးကုသမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။ သေဆုံးခဲ့တဲ့ မိုင်းလုပ်သားတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ မိုင်းလုပ်သားတွေဟာ တရားဝင်မိုင်းလုပ်သားတွေမဟုတ်ဘဲ မိုင်းတွင်းပိုင်ရှင်နဲ့ နားလည်မှုအရ ၀င်ရောက် အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားတွေဖြစ်ပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ အဆိုပါ မိုင်းတွင်းပြိုကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့