Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

တိုင်းဒေသကြီး အလိုက် အနည်းဆုံး လုပ်ခလစာ သတ်မှတ် သွားမည်

လုပ်ခလစာ အနည်းဆုံး သတ်မှတ်ရေး အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် ကော်မတီ တွေဖွဲ့ပြီး သတ်မှတ်မှုတွေ ဆောင်ရွက် သွားမှာ
ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို လုပ်ဆောင်ရာ မှာတော့ ဖွဲ့စည်း ထားတဲ့ ကောင်စီများမှ လုပ်ငန်းတွေ အလိုက် ကွင်းဆင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ အနည်းဆုံး လုပ်ခလစာ တွေကို သတ်မှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိ မှာတော့ နည်းဥပဒေ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် အောက်တိုဘာလ ၀န်းကျင် မှာတော့ ကွင်းဆင်းပြီး ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် တွေကို စတင်နိုင်ဖို့ ဆောင်ရွက် သွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို သတ်မှတ်ရာမှာ စက်မှုဇုန် လုပ်ငန်းတွေ မှာလည်း အထည်ချုပ် လုပ်ငန်း၊ အအေးခန်း လုပ်ငန်း အစရှိတဲ့ လုပ်ငန်းများမှာ လုပ်သားတွေ အတွက်ကိုပါ အနည်းဆုံး လုပ်ခလစာများ ခွဲခြား သတ်မှတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့