Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 June 2013

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများအား သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ခွင့်ပြုပါက အာမခံ အမျိုးအစားများ တိုးချဲ့ ဆောင်ရွက် နိုင်မည်

  ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အာမခံ အမျိုးအစားများ တိုးချဲ့ဆောင်ရွက်စေဖို့ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာနကို တင်ပြပြီး ၀န်ကြီးဌာနက ခွင့်ပြုပါက
အာမခံ အမျိုးအစား များကို တိုးချဲ့ ဆောင်ရွက်စေမှာ ဖြစ်တယ်လို့ ဇွန်လ ၂၆ ရက်နေ့က Traders Hotel  မှာ ကျင်းပပြုလုပ်ခဲ့ တဲ့ အင်ဂျင်နီယာ ဆိုင်ရာ မီးအာမခံ နှီးနှော ဖလှယ်ပွဲမှာ မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
အဲဒီ့ မြန်မာ့အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဟာ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုကို လုပ်ကိုင်ခွင့် ပြုထားပြီး အခုပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၉ ခုကို လိုင်စင် ထုတ်ပေးပြီး ဖြစ်တဲ့အတွက် အချို့ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေဟာ ဖွင့်လှစ်ပြီး လုပ်ငန်း လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ လိုင်စင်ပေးဖို့ ကျန်ရှိနေတဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၃ ခုကိုလည်း မကြာခင်မှာ လိုင်စင်ပေးအပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အခုလက်ရှိ မှာတော့ အာမခံ အမျိုးအစား ၆ မျိုးကို လုပ်ကိုင် ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။
 

အဲ့ဒီ အာမခံ အမျိုးအစား ၆ မျိုးကတော့ အသက်အာမခံ၊ မီးအာမခံ၊ သမာဓိအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံနဲ့ ငွေပို့ ငွေသယ် အာမခံတို့ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ခွင့်ပြုချက် ရယူဖို့ အတွက် တင်ပြမှုတွေ ပြုလုပ်ပြီး ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေကို အာမခံ အမျိုးအစား များကို တိုးချဲ့ ဆောင်ရွက်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ ပုဂ္ဂလိက အာမခံ ကုမ်္ပီများဟာ လုပ်ငန်းစတင် လုပ်ကိုင်ချိန် ဖြစ်နေတဲ့ အတွက် လိုအပ်ချက်လေးတွေ ရှိနေသေးတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့