Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

အမေရိကန် ထောက်လှမ်းရေးအရာရှိဟောင်း အက်ဝက်ဒ်စနိုဒန် အီကွေဒေါနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်ပေးရ န်တောင်းခံ

အမေရိကန်ပြည်ထောင်စုမှ ထောက်လှမ်းရေး အရာရှိဟောင်း အက်ဝက်ဒ်စနိုဒန်ဟာ အီကွေဒေါနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်
တောင်းခံလိုက်တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီးက တွစ်တာပေါ်မှာ တရားဝင်အတည်ပြု ပြောကြား လိုက်တယ်လို့ သိရပါတယ်။ စနိုဒန်ဟာ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးဖြစ်ပြီး အမေရိကန် အစိုးရရဲ့ ထောက်လှမ်းရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေဟာ တယ်လီဖုန်းနဲ့ အင်တာနက် ပရိုဂရမ်တွေကို စောင့်ကြည့်ပြီး အဆိုပါပရိုဂရမ်တွေမှတစ်ဆင့် ထိပ်သီးပုဂ်္ဂလိက သတင်းအချက်အလက်တွေကို လျှို့ဝှက်စုဆောင်းနေရုံသာမက အမေရိကန် အစိုးရဟာ တရုတ်မိုဘိုင်း ကုမ်္ပဏီတွေကို ဆိုက်ဘာနည်းပညာဆိုင်ရာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့  စနိုဒန်က ပြောကြားခဲ့ ပါတယ်။ ဒါ့ကြောင့် အမေရိကန် အစိုးရကလည်း စနိုဒန်ကို တရားစွဲဆိုထားပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်း လျက်ရှိပါတယ်။


စနိုဒန်ဟာ ဟောင်ကောင်မှာ ခေတ္တခိုလှုံခဲ့စဉ်က အမေရိကန်အစိုးရက စနိုဒန်ကို ဖမ်းဆီးပေးဖို့ ဟောင်ကောင်မှ အစိုးရအာဏာပိုင်တွေက တောင်းဆိုခဲ့ပေမယ့် ဟောင်ကောင်မှ အစိုးရအာဏာပိုင်တွေက  အမေရိကန်အစိုးရ ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးရရှိတဲ့ သတင်းထုတ်ပြန်ချက်တွေအရ စနိုဒန်ဟာ ဟောင်ကောင်မှ တစ်ဆင့်ရုရှားနိုင်ငံ မော်စကိုလေဆိပ်ကို ပြီးခဲ့တဲ့ နင်္ဂနွေနေ့က ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ လူအများက စနိုဒန်ဟာ  နောက်ပိုင်းမှတော့ ဗင်နီဇွဲလားနိုင်ငံမှ တစ်ဆင့် အီကွေဒေါနိုင်ငံအတွင်းကို ၀င်ရောက်ဖို့ကြိုးပမ်းမယ်လို့ ထင်မြင်ယူဆနေကြကြောင်း သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့