Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

အမေရိကန်လေကြောင်းပြပွဲတွင် လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့

အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်းရှိ  Ohio ပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲအတွင်း
လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၂ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ ပြပွဲကို  Dayton မြို့မှာ ပြီးခဲ့တဲ့စနေနေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး မတော်တဆမှုဟာ ဒေသစံတော်ချိန် နေ့လည် ၁နာရီက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မတော်တဆမှုကြောင့် စတန့်ပြကွက်ပြသသူ အမျိုးသမီးတစ်ဦးနဲ့ လေယာဉ်မှူးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။ 

စတန့်အမျိုးသမီးဟာ လေယာဉ်တောင်ပံပေါ်မှာ ထိုင်လျက်စတန့်ပြကွက်ပြသ နေချိန်မှာပဲ လေယာဉ်ဟာ ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ ကွင်းအတွင်းသို့ ပျက်ကျခဲ့ပြီးနောက် မီးလောင်ပေါက်ကွဲ သွားခဲ့တာဖြစ်ပါတယ်။ မတော်တဆ မှုကြောင့် ဧည့်ပရိသတ်တွေ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ လေကြောင်းပြပွဲဟာ အမေရိကန်ပြည် ထောင်စုရဲ့ ရှေးအကျဆုံးလေကြောင်းပြပွဲ တစ်ခုဖြစ်ပြီး နှစ်စဉ် ပရိသတ်ပေါင်း ၇သောင်းခန့် လာရောက် ကြည့်ရှုလေ့ရှိပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ မတော်တဆမှုနဲ့ ပတ်သက်ပြီး အမေရိကန် လေကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့