Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

ဖူဂျီတောင်အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့  UNESCO ဟာ ဂျပန်နိုင်ငံရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ဖူဂျီတောင်ကို ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။  ယူနက်စကိုအဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြီးခဲ့တဲ့စနေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း အခုလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးဖြစ်တဲ့ ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊အနုပညာ အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဖူဂျီတောင်ဟာ  Yamanashi နဲ့  Shizuoka စီရင်စုဒေသ နှစ်ခုအကြားမှာ တည်ရှိတာဖြစ်ပြီး ဒီတောင်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်ဖို့ အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံအားလုံးနီးပါးက လက်ခံခဲ့ကြပါတယ်။  ယူနက်စကိုမှ နောက်ထပ် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းလိုက်တဲ့ ဂျပန်နိုင်ငံ က နေရာတစ်နေရာ ကတော့  Shizuoka စီရင်စုရှိ ပင်လယ်ကမ်းခြေဒေသက ထင်းရှူးတော ဖြစ်တယ်လို့ သိရပါတယ်။။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့