Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

ကနေဒါနိုင်ငံတွင် ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်နေ

ကနေဒါနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့မှုကြောင့် လူ ၂ဦးထက် မနည်းသေဆုံးခဲ့ပြီး
လူ တစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။  Alberta ပြည်နယ်အပါအ၀င် နိုင်ငံအနောက်ပိုင်း ဒေသတွေမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ရေကြီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ် လျက်ရှိပါတယ်။ 

Calgary မြို့အတွင်းမှာလည်း မြစ်ရေကြီးမှုကြောင့် လမ်း၊ တံတားနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ရေဘေးသင့် ဒေသတွေမှာလည်း အရေးပေါ်အခြေအနေ တစ်ရပ် ထုတ်ပြန်ထားပါတယ်။ မိုးဟာ ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက ရပ်တန့်သွားခဲ့ပေမယ့်လည်း ယခုသီတင်းပတ်ကုန်မှာတော့ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ဖွယ်ရာ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့