Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 June 2013

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် လိုင်စင် ၂ ခု ချထားပေးလိုက်ပြီဖြစ်

  ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ တယ်လီကွန် အော်ပရေတာ အတွက် တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ ၂ ခုကို ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်း အချိန်က
ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ၀န်ကြီး ဌာနက ထုတ်ပြန် ကြေညာခဲ့ ပါတယ်။ အဆိုပါ ဆက်သွယ်ရေး အော်ပရေတာ ၀န်ဆောင်မှု အတွက် တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ ၂ ခုကတော့ နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီနဲ့ ကာတာနိုင်ငံ အခြေစိုက် QTel (Oorendoo) ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရပါတယ်။
 
ဒါ့အပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှလည်း သတင်း ထုတ်ပြန်ချက် ၉/၂၀၁၃ အရ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားရေး ဆောင်ရွက်မှု အခြေအနေနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ချက် တစ်ရပ် ကိုလည်း ထုတ်ပြန်ခဲ့ ပါတယ်။ အဆိုပါ သတင်း ထုတ်ပြန်ချက်မှာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာမှာ ဆက်သွယ်ရေး သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံတကာနဲ့ ဆက်သွယ် ဆောင်ရွက် နိုင်မှာဖြစ်ပြီး နိုင်ငံသားတွေ အတွက်လည်း ဆက်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှု လိုအပ်ချက်ကို အချိန်တို အတွင်း ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်တဲ့ အတွက် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ချထားပေး နိုင်ရေးကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ကစတင်ပြီး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုးရေး ကဏ္ဍမှာ တယ်လီဖုန်း သုံးစွဲနိုင်မှုဟာ လူဦးရေရဲ့ ၇.၀၈ ရာခိုင်နှုန်း သာရှိပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အဆင့် ၁၀ နေရာမှာသာ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် တယ်လီဖုန်း သုံးစွဲမှု သိပ်သည်းဆကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ ရှိစေဖို့ အတွက် အခုလိုမျိုး ဆက်သွယ်ရေး အော်ပရေတာ ၀န်ဆောင်မှု လုပ်ငန်း လိုင်စင် ၂ ခုကို ချထားပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။

   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့