Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 June 2013

ကုမ္ပဏီကပြန်ပေးသော်လည်းပြန်မရတဲ့ ကျောင်းကုန်းလယ် သမားတွေ

 ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်သဲကုန်း ကျေးရွာရှိ ကွင်းအမှတ်၄၂၇ (အေ) ကုမ္ပဏီကပြန်ပေး သော လယ်ယာမြေများခွဲခြမ်း ရာမူလ လက်ငုတ်လက်ရင်း တောင်သူ များပြန်မရကြောင်း လယ် သိမ်းခံလယ်သမားများ၏ ပြော ကြားချက်အရသိရသည်။

အဆိုပါလယ်သမားများသည် ၁၉၈၄/၁၉၈၅ ခုနှစ်မှစတင်ကာ စပါးစိုက်ခြင်း၊နေကြာစိုက်ခြင်းတို့ ကို လုပ်ခဲ့ကြောင်းသိရသည်။ဂိုးဒင်းဂရင်းကုမ္ပဏီနှင့်ဧရာရွှေဝါ ကုမ္ပဏီတို့က ၁၉၉၇-၉၈ခုနှစ် တွင်သိမ်းယူခဲ့ခြင်းဖြစ်ပြီးယခုအခါ ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ သို့ပြန်လည်ပေးအပ်ပြီး ဖြစ် ကြောင်းသိရသည်။လယ်ယာမြေ များခွဲခြမ်းရာတွင် မြေစာရင်းဦးစီး ဌာနကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ စုစည်းကာကော်မ တီတစ်ရပ် ဖွဲ့စည်းထားပြီး ထို ကော်မတီက သိမ်းဆည်းခံလယ် သမား(၁၄)ဦးအနက် (၁)ဦးတည်း ကိုသာ လယ်(၁၂)ဧက ပြန်ပေး ခဲ့ကြောင်းသိရသည်။

ကျန်လယ်ပိုင်ရှင်များကိုပြေ စာပြနိုင်လျှင်ပေးမည်ပြောသော ကြောင့် ကျန်လယ်ပိုင်ရှင်များက ပြေစာပြသော်လည်း ပြေလည်မှု့ မရဟုသိရသည်။လယ်မြေဝေခြမ်း ရေးကော်မတီက ကိုလှကြည် (၁၂)ဧက၊လှိုင်သာယာတွင်နေ ထိုင်သူ ဦးအောင်သိန်း(၈၀)ဧက နှင့်ကံကလေး အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၏သားနှင့်ညီအစ်ကိုများ က(၁၅၀)ဧကကို ခွဲဝေပေးလိုက် သည်ဟု ဆိုပါသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးဒုတိယနေ့တွင် ကုမ္ပဏီကပြန်လည်ပေးအပ်ခဲ့သော လယ်မြေကိစ္စကိုထည့်သွင်းဆွေး နွေးခဲ့သည်ဟု သိရသည်။ထည့် သွင်းဆွေးနွေးချက်များထဲတွင် မူရင်းလက်ငုတ်တောင်သူများ ကို လယ်မြေမှတ်ပုံတင်ခွင့်ရရှိရန်၊ ၂၀၁၃-၁၄ ခုနှစ်မတိုင်မီမြေယာ ဥပဒေနှင့်အညီဆောင်ရွက်ရန်၊ အဓိက အနေဖြင့် မူလလက်ငုတ် တောင်သူများထံလွှဲပြောင်းပေး အပ်ရန်လိုအပ်ကြောင်း ထည့် သွင်း ဆွေးနွေးခဲ့သည်။

လက်ငုတ်တောင်သူတစ်ဦး ဖြစ်သူ ဦးအုန်းရှိမ်က ပြောကြား ရာတွင်““ကျွန်တော်တို့ဟာ ဒီလယ် မြေမှာ စိုက်ပျိုးခဲ့တာကြာပါပြီ။ဒီလို စိုက်ပျိုးနေရင်းကုမ္ပဏီက သိမ်းတော့လက်မဲ့ဖြစ်ရတယ်။ အခုကုမ္ပဏီက နိုင်ငံတော်ကိုပြန် ပေးတော့လည်း လယ်မြေကိုပြန် မရပါဘူး။လယ်မြေများပြန်ပေးတဲ့ အခါ တစ်ဦးကောင်းတစ်ယောက် ကောင်းကို ရှေ့ရှုပြီးအလုပ်ဘဲ ပွင့်လင်းမြင်သာမှု့ရှိတဲ့ခွဲပေးမှုမျိုး ကိုလိုချင်ပါတယ်””ဟုပြောသည်။

လယ်ယာမြေရရှိရေးအတွက် ယခင်ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများထံတင်ပြခဲ့ ပြီး မိမိတို့လယ်ယာပြန်ရရှိရေး အတွက်အဆင့်ဆင့်ဆက် လက် ဆောင်ရွက်သွားမည်ဟုသိရ သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့