
“ဒီအချိန်မှာ ကာလဝမ်းရောဂါလို ဝမ်းပျက်ဝမ်းလျှောက အဓိက အန္တရာယ် ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် သြစတြေးလျနိုင်ငံ အနေနှင့် လက်နက်ကိုင်နှင့် အခြား ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှု များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ကူညီသွားရန် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
သြစတြေးလျနိုင်ငံသည် ယခင်နှစ် ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ရှောင် တိမ်း ထွက်ပြေးနေရသော ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၉ သန်း ပံ့ပိုးပေးထားကြောင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment