Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 June 2013

ကမ္ဘာ့ တတိယအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ပြည်တွင်းသို့ဝင်





 ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် China Unicom သည် လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

ယင်းကုမ္ပဏီသည် China Unicom (MYA) Operations Co.,Ltd. အမည် ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံ ယခုလအတွင်း မှတ်ပုံတင်ခဲ့သည်။

China Unicom ကုမ္ပဏီသည် ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အသစ် ထပ်မံ ချိတ်ဆက်မည့် SE-ME-WE 5 ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသစ်ကို ငါးလကြာ တာဝန်ယူ တည်ဆောက် အကောင်အထည် ဖော်မည့် ကုမ္ပဏီ ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို အဆိုပါ ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာနှင့် စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုမှာ တစ်ဝက်စီသာ ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice သို့ ယမန်နှစ်က ပြောကြားဖူးသည်။

နိုင်ငံပေါင်း ၁၈ နိုင်ငံက ချိတ်ဆက် အသုံးပြုမည့် ဖိုက်ဘာ အင်တာနက် ဆက်ကြောင်းသည် မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ တို့ကို ဖြတ်သန်း ဆက်သွယ် တည်ဆောက်သွားမည် ဖြစ်ပြီး ပုသိမ်မြို့တွင်လည်း ပြည်ပ ဆက်သွယ်ရေး စခန်းသစ်တစ်ခု တည်ဆောက်မည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံက အသုံးပြုနေသည့် သက်တမ်းနှစ် ၃၀ သတ်မှတ်ထားသော SE-ME-WE 3 အင်တာနက် ဆက်ကြောင်းသည် နှစ် ၂၀ ခန့် သက်တမ်း ရှိနေပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံက ချိတ်ဆက် အသုံးပြုနေသည်။

တရုတ် အစိုးရက ပိုင်ဆိုင်ထားသော China Unicom ကုမ္ပဏီသည် ဘေဂျင်းမြို့တွင် အခြေစိုက် ထားပြီး ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့