Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 June 2013

သံဃာတော်ကို ယာဉ်ပေါ်မှဆင်းခိုင်းသည့် ယာဉ်နောက်လိုက်ကို ယာဉ်လိုက်ခွင့် တစ်လပိတ်

 ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အနောက်ပိုင်းခရိုင် ယာဉ်လိုင်းအမှတ် ၂၄၅ ဘီအမ်ယာဉ်တွင် လိုက်ပါစီးနင်းသည့် သံဃာတော်တစ်ပါးကို ထိုင်ခုံမရှိဟုဆိုကာ ကားပေါ်မှဆင်းခိုင်းသည့် ယာဉ်နောက် လိုက်ကို ဇွန်လ ၇ ရက်မှစ၍ ယာဉ်လိုက်ခွင့် တစ်လ ပိတ်သိမ်းလိုက်ကြောင်း မထသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့ က The Voice သို့ ပြောကြားသည်။

မေလ ၂၃ ၇က်နေ့က ဆူးလေမှ တောင်ဥက္ကလာပ ပင်းယမှတ်တိုင်သို့ စီးနင်းရန် ယာဉ်ပေါ်တက်လာသော သံဃာတော် တစ်ပါးကို ယာဉ်နောက်လိုက်က ထိုင်ခုံမရှိဟု ပြော၍ ကားပေါ်မှ ဆင်းခိုင်းသည့်အပြင် ထိုင်နေသူများ ထံမှလည်း ယာဉ်စီးခကောက်ပြီး ဖြစ်သဖြင့် ဖယ်ခိုင်း၍မရတော့ ဟုဆိုသောကြောင့် ကားပေါ်မှဆင်းခဲ့ရကြောင်း ကာယကံရှင် သံဃာတော်ကိုယ်တိုင် မထသ (ဗဟို) သို့ တိုင်ကြားစာအရ သိရသည်။
"ဘုန်းကြီးကတော့ ခေါ်ပြီး ဆုံးမဖို့ပဲ စာထဲမှာ မိန့်ထားပေမယ့် အပြစ်ရှိတယ် ဆိုတာ စစ်ဆေးပြီးလို့ ဒီနေ့ပဲ ပြစ်ဒဏ်ချတယ်၊ ဒီထက်ကြမ်းတမ်းစွာ ဆဲဆိုရင် အပြီးထုတ်ပယ်တဲ့အထိ ပြစ်ဒဏ်ပေးပါ တယ်" ဟု ဦးမောင်မြို့ကရှင်းပြသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း သံဃာတော်တစ်ပါးကို ကားပေါ်မှ ဆင်းခိုင်းသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ယာဉ်လိုက်ခွင့်တစ်လ ပိတ်သိမ်းခဲ့သော်လည်း အဆိုပါ သံဃာတော်၏ တောင်းဆိုမှုကြောင့် ခုနစ်ရက်သာ ပိတ်သိမ်းခဲ့ကြောင်း မထသ(ဗဟို)ထံမှ စုံစမ်း သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့