Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 9 June 2013

ပြည်ပဖက်စပ်အထည်ချုပ်လုပ်ငန်း ၁၃ခု ထပ်မံခွင့်ပြု



ထိုင်း၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်သော လက်ခစား အထည်ချုပ်လုပ်ငန်း ၁၃ ခုကို ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်က၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ပြည်ပ အထည်ချုပ်လုပ်ငန်း ၁၃ ခုကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လုပ်ကိုင်ခွင့်ပြုထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခွင့်ပြုခဲ့သည့် အထည်ချုပ်လုပ်ငန်းများတွင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ကိုရီးယားနိုင်ငံ Inno ကုမ္ပဏီလီမိတက်တို့ ဖက်စပ်လုပ်ကိုင် မည့် Myanmar Inno International Limited အထည်ချုပ်လုပ်ငန်း ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိမြန်မာ့အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဗြိတိန်၊ ဂျာမနီ၊ ကိုရီးယားနှင့် တရုတ်အစရှိသည့် နိုင်ငံများ လာရောက်လေ့လာလျက် ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုသည်။

အထည်ချုပ်စက်ရုံတစ်ရုံသည် အနည်းဆုံး လူဦးရေ ၅၀ မှ အများဆုံး ၃၀၀၀ အထိ အလုပ်အကိုင်ပေးထားနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများကြောင့် အထည်ချုပ် လုပ်ငန်းများ တိုးလာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက် မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အထည်ချုပ်လုပ်ငန်းအများဆုံး တည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာစက်မှုဇုန်များတွင် လျှပ်စစ်မီး၊ အရင်းအနှီးနှင့် ဈေးကွက် အခက်အခဲကြောင့် ပိတ်ထားရသည့် စက်ရုံ ၁၀ ရုံသည် ပြည်ပလုပ်ငန်း များနှင့် ဖက်စပ်လုပ်ကိုင်၍ ယခုနှစ် ဧပြီလ ၂၂ ရက် နောက်ပိုင်း ပြန်လည် ဖွင့်လှစ်လာသည်ကို တွေ့ရကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

လက်ရှိ လှိုင်သာယာစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ ၅၀ ခန့်ရှိလာပြီး အထည်ချုပ်လုပ်ငန်းသည် အခြားကုန်ထုတ်လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက လုပ်သားအင်အားနှင့် မြေနေရာ အဆောက်အအုံရရှိရန် လွယ်ကူသောကြောင့် ရင်းနှီးမြှုပ်နှံလာကြခြင်းဖြစ်သည်ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က သုံးသပ်သည်။

လှိုင်သာယာစက်မှုဇုန်များ ( ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) တွင် ထပ်မံ လုပ်ကိုင် ခွင့်ပြုရန် မြေနေရာ မရှိတော့ကြောင်း အဆိုပါ စက်မှုဇုန်လုပ်ငန်းရှင်များ က ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့