ပြည်တွင်းရဲ့ စီးပွားရေးမှာ ဒုတိယ မဏ္ဍိုင်ဖြစ်တဲ့ သမ၀ါယမ ကဏ္ဍဟာ တိုင်းပြည် စီးပွားရေး ကို အမှန်တကယ် ထိထိရောက်ရောက် အထောက်အကူ
ပြုနိုင်ဖို့ဆိုရင် သမ၀ါယမ အသင်းတွေကို အဆင့်တိုးမြှင့်ဖို့ လိုအပ်လျက် ရှိတယ်လို့ နိုင်ငံတော် သမ္မတ ကြီးဦးသိန်းစိန်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲ့ဒီလို အဆင့်တိုးမြှင့်တဲ့အခါ ငွေအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များကို ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံးပြီး ကုန်ထုတ်လုပ်မှု သမ၀ါယမ အသင်းများ၊ ကုန်သွယ်မှု သမ၀ါယမ အသင်း များအဖြစ် တက်လှမ်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်မှုလယ်ယာ သမ၀ါယမ အသင်းများ အဖြစ်လည်းကောင်း၊ သမ၀ါယမ အသင်း တစ်ခု ထုတ်ကုန် တစ်ခု ထုတ်လုပ်တဲ့ Agro Basa SME အဖြစ် လည်းကောင်း၊ ၀န်ဆောင်မှု သမ၀ါယမ အသင်းများ အဖြစ် လည်းကောင်း၊ ကြိုးပမ်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အဆင့်မြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

No comments:
Post a Comment