မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Set Top Box များ ၀ယ်ယူရေးအတွက် တင်ဒါ လျှောက်လွှာ ၁၀ ခုကို Short List အဖြစ် ဆက်လက် ရွေးချယ်သွားမှာ
ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ သတင်းများအရ သိရပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ DVB-T2 စနစ်ကို ဖမ်းယူကြည့်ရှုနိုင်ဖို့ အတွက် Set Top Box များ ၀ယ်ယူရန် ၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်နဲ့ ဧပြီလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ များမှာ တင်ဒါ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီလို တင်ဒါခေါ်ယူရာမှာ တင်ဒါပုံစံ အစောင်ရေ ၈၀ ရောင်းချခဲ့ရပြီး တင်ဒါ လာရောက် တင်သွင်းတဲ့ စောင်ရေ ၅၃ စောင် ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တင်သွင်းတဲ့ ၅၃ စောင်မှာ တင်ဒါစည်းမျဉ်း ပါအတိုင်း နမူနာ စက်ပစ္စည်း များကို ၅၁ စောင်မှာသာ တင်သွင်းပါရှိခဲ့တာ ဖြစ်ပါတယ်။ အခုလို တင်ဒါသတ်မှတ် စည်းမျဉ်းများအတိုင်း တင်သွင်းထားတဲ့ တင်ဒါ ၅၁ စောင်ကို Long List အနေနဲ့ သတ်မှတ် လက်ခံထားပြီး အဲ့ဒီ တင်ဒါ ၅၁ စောင်ထဲကမှ ၁၀ ခုကို Short List အဖြစ် ဆက်လက် ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ရွေးချယ်ရာမှာလည်း Worranty Year အဖြစ် အနည်းဆုံး တစ်နှစ် အာမခံခြင်း၊ စက်ပစ္စည်းရဲ့ အရည်အသွေး၊ ဈေးနှုန်းသက်သာမှုစတဲ့ အချက်တွေနဲ့ ကိုက်ညီဆုံးဖြစ်တဲ့ ၁၀ ခုကို Short List အဖြစ် ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment