Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 5 June 2013

၁၅၀၀ Sim Card များအတွက် သတင်းတို ဖြေကြားမှု တစ်လအတွင်း ရရှိနိုင်မည်


ပြည်တွင်းမှ Blue Ocean နဲ့ လန်ဒန် BBC မြန်မာဌာနတို့ ပူးပေါင်း တင်ဆက်တဲ့ မိုဘိုင်းဖုန်းမှ တစ်ဆင့် သတင်းတို ဖြေကြားမှုကို ၁၅၀၀ Sim Card များမှာ
နားဆင်နိုင်ဖို့ အတွက် ၁ လ အတွင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Blue Ocean ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို သတင်းတို ဖြေကြားမှုကိုတော့ ၁ ရက်ကို ၂ ကြိမ် နားဆင်နိုင်မှာဖြစ်ပြီး သတင်းတွေကို BBC သတင်းဌာနနဲ့ ချိတ်ဆက်ပြီး တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန်အနေနဲ့ ၁ ရက်ကို ၂ ကြိမ် နံနက် ၈ နာရီ တစ်ကြိမ်နဲ့ ညနေ ၆ နာရီခွဲတို့မှာ ၁ ကြိမ်၊ ၂ ကြိမ်ပုံမှန် နားဆင်နိုင်ပြီး ထူးခြားဖြစ်စဉ်တွေကိုလည်း အခါအားလျော်စွာ တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ခေါ်ဆိုမှု အတွက်ကိုတော့ တစ်ရက်ကို ၆၀ ကျပ်နဲ့ ၀န်ဆောင်ခ ပေးဆောင်ရမှာ ဖြစ်ပြီး ဘီဘီစီမှ ကမ္ဘာတစ်လွှားမှာ အသံထုတ်လွှင့် ပေးလျက်ရှိရာ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အနေနဲ့တော့ တစ်ပတ်မှာ ပရိသတ် ရှစ်သန်း လေးသိန်း ခန့် နားဆင်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မိုဘိုင်းဖုန်းမှ တစ်ဆင့် နားဆင်နိုင်မှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က စတင်ကာ နားဆင်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့