လူမှုဖူလုံရေး Smard card အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ကွန်ပျူတာ အသုံးပြု ပြီး စာရင်း ထည့်သွင်းဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာ
အနေနဲ့ ၀န်ထမ်း ၆၀ ဦး ထားရှိသွားဖို့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ကွန်ပျူတာနဲ့ Data Entry ပြုလုပ်ဖို့အတွက် လက်ရှိမှာတော့ လူမှုဖူလုံရေး ၀န်ထမ်းတွေကို ကွန်ပျူတာ သင်ကြားပေးလျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လူမှုဖူလုံရေး အဖွဲ့ဝင် ၆ သိန်း ၄ သောင်း ခန့်ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လူမှုဖူလုံရေး နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်း ပြီးပါကလည်း လူမှုဖူလုံရေး လုပ်ငန်းစဉ်တွေကို ပြဋ္ဌာန်းထားတဲ့အတိုင်း တိုးချဲ့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို Smart Card ကိုင်ဆောင်နိုင်မှု အတွက် စာရင်းသွင်းနိုင်ဖို့ အတွက်ကိုတော့ ၀န်ထမ်းတွေကို ကွန်ပျူတာ သင်တန်းများ ပေးနေပြီး တစ်နိုင်ငံလုံးမှာ အဖွဲ့ဝင်ထားတဲ့ လူမှုဖူလုံရေး အဖွဲ့ဝင်တွေအတွက် စာရင်းသွင်းပြီးမှသာ တပြေးညီ ကိုင်ဆောင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:
Post a Comment